နူကလီးယားစွမ်းအားဟာ ဆိုဗီယက်ယူနီယံ အတွက်တော့ သုံးလို့မကုန်တဲ့ စွမ်းအင်တွေပါပဲ။ အဲ့ဒီအချိန် (၁၉၈၆) တုန်းက နူကလီးယား ဓါတ်အားပေး စက်ရုံတွေကနေ ဆိုဗီယက်ယူနီယံ ဓါတ်အားပေးစနစ် အတွင်းကို မဂ္ဂါဝပ် (၃၀၀၀၀) လောက် ထုတ်လုပ်ပေးနေပါတယ်။
ချာနိုဘိုင်းလ် နူကလီးယားစက်ရုံမှာ မဂ္ဂါဝပ် (၁၀၀၀) ထွက်တဲ့ စက်လေးလုံး တပ်ဆင်ထားပြီး စက်အမှက်(၅)နဲ့ (၆)ကတော့ တပ်ဆင်နေတုန်းပါ။ ချာနိုဘိုင်းလ် နူကလီးယားစက်ရုံဟာ ဆိုဗီယက်ယူနီယံရဲ့ နည်းပညာထွန်းကားမူ့ ပြယုဒ်တစ်ခု လဲဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ ပေါက်ကွဲမူ့ ကြိးဖြစ်သွားပြီးနောက် နာရီပိုင်းအတွင်းမှာ ကြောက်စရာအကောင်းဆုံး စက်ရုံအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
ဒီပေါက်ကွဲမှူ့ကြိးကြောင့် လူ(၃၁)ယောက် သေဆုံးခဲ့ပြီး ရာပေါင်းများစွာ နူကလီးယား အဆိပ်သင့်ခဲ့ပါတယ်။ နူကလီးယား အဆိပ်သင့် တိမ်တိုက်တွေဟာ အာရှအရှေ့ပိုင်းသာမက သမုဒ္ဒရာခြားတဲ့ အမေရိကတိုက်အထိအောင် ပြန့်နှန့်သွားခဲ့ပါတယ်။
ချာနိုဘိုင်းလ်စက်ရုံဟာ ယခင် ဆိုဗီယက်ယူနီယံခောတ်က ယူကရိန်းနိုင်ငံအတွင်းမှာ တည်ရှိပြီး ယူကရိန်းမြို့တော် ကီးယပ်ဖ် နဲ့ကီလိုမီတာ (၁၀၀) လောက်ဝေးတယ်။ ကီးယပ်ဖ်မှာ လူဦးရေ ၂သန်းလောက်ရှိပြီး လျှပ်စစ်ဓါတ်အားကို ပြည်နယ်တွင်းစက်ရုံဖြစ်တဲ့ ချာနိုဘိုင်းလ် စက်ရုံမှ အဓိက ရယူပါတယ်။ ဓါတ်ပေါင်းဖို အမှက်(၄)ဟာ တည်ဆောက်ပြီးစီးတာ (၃)နှစ်သာရှိသေးပြီး စက်ရုံမှာရှိတဲ့ စက်လေးလုံးအနက် အသစ်လွင်ဆုံးနဲ့ နည်းပညာ အမြင့်ဆုံးဖြစ်ခဲ့တယ်။
နူကလီးယား ဓါတ်ပေါင်းဖိုတွေဟာ ရေနွေးငွေ့နဲ့ ခုတ်မောင်းတဲ့ အင်ဂျင်အကြီးစားတွေပါ။ ယူရေနီယမ် သတ္တုတွေဟာ သူ့အလိုလို နူထရွန်တွေလွတ်ထွက်လာ တတ်တဲ့ သဘာဝရှိတယ်။ အဲ့ဒီ နူထရွန်တွေကပဲ ယူရေနီယမ်သတ္တု တွင်းက အက်တမ်တွေရဲ့ နူကလီးယပ်စ် တွေကို တိုက်ခိုက်အောင် ဓါတ်ပေါင်းဖို အတွင်းမှာ ဖန်တီးယူပါတယ်။ ဒီလိုဖြစ်စဉ်ကြောင့် အပူနဲ့ ဓါတ်ရောင်ခြည်ကို ထုတ်လွတ်ပေးတယ်။ ဒီအပူကနေ ရေကိုအပူပေးပြီး ရေနွေးငွေ့အဖြစ် ပြောင်းလဲတယ်။ ရေနွေးငွေ့အင်ဂျင်မှတစ်ဆင့် လျှပ်စစ်ဓါတ်အား ထုတ်ယူပါတယ်။
အပူအနည်းအများ ထိန်းချူပ်ချင်ရင်တော့ control rods လို့ခေါ်တဲ့ ဘိုရွန်ချောင်းတွေကို ယူရေနီယမ် သတ္တုနဲ့ ပြုလုပ်ထားတဲ့ လောင်စာချောင်းတွေကြားထဲ အသွင်းအထုတ်ပြုလုပ်ပြီး ထိန်းချူပ်ကြပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ အချက်က control rods တွေကို ထုတ်ပစ်ချင်ရင်တော့ အနည်းဆုံး (၂၆)ချောင်း ချန်ထားရမယ်လို့ သက်မှက်ထားတယ်။
ဒါဟာ မဖြစ်မနေ လိုက်နာရမဲ့ အန္တရာယ်ကင်းရှင်းရေး ဥပဒေပါ။ အရာရာအားလုံးဟာ ပုံမှန်ဖြစ်နေရင်တော့ ရရှိတဲ့စွမ်းပကားက ကြီးမားလှပါတယ်။ ယူရေနီယမ်သတ္တု တစ်ကီလိုဂရမ်ကထွက်တဲ့ အပူစွမ်းအင်ဟာ ကျောက်မီးသွေး ကီလိုဂရမ် သုံးသန်းကထွက်တဲ့ အပူနဲ့ညီမျှတယ်။
အမှန်တကယ်တော့ အခုလို ပေါက်ကွဲမူ့ဖြစ်ခဲ့တဲ့ နူကလီးယား ဓါတ်ပေါင်းဖို အမှက်(၄)ကို ပညာရှင်တွေက စမ်းသပ်မူ့ ပြုလုပ်ခဲ့ကြတာပါ။
နူစက်ရုံတွေဟာ ဒီဇယ်အင်ဂျင်တွေလို ရပ်ချင်တိုင်း ရပ်ပြစ်လို့ မရပါဘူး။ လောင်စာချောင်းတွေကို ဆက်လက်အအေးခံဖို့အတွက် ပန့်တွေလည်ဖို့ ဓါတ်အား (၅) မဂ္ဂါဝပ်လောက် လိုပါတယ်။ စက်ရုံမှာ ဒီဇယ်ဂျင်နရေတာ သုံးလုံးရှိပေမယ့် သူတို့စတင်လည်ပတ်ဖို့က ၁၅စက္ကန့်ကြာပြီး မီးထွက်တဲ့အထိ ဆိုရင် တစ်မိနစ်ကျော် အချိန်ယူပါတယ်။ တကယ်လို့ အကြောင်းတစ်ခုခုကြောင့် စက်ရုံနဲ့ ဓါတ်အားပေးစနစ် အဆက်အသွယ် ပျက်သွားခဲ့ရင် (ဒါမှမဟုတ် ငလျှင်လှူပ်ခဲ့ရင်) ဒီတစ်မိနစ်အတွင်းမှာ ဒီဇယ်ဂျင်နရေတာဆီကို အဆင်ပြေပြေ လွဲပြောင်းနိုင်ပါ့မလား ဆိုတာကို စမ်းသပ်ချင်ကြတာပါ။
အရင်တုန်းက သုံးခါလောက်စမ်းဖူးပေမယ့် တစ်ခါမှ မအောင်မြင်ခဲ့ပါဘူး။ ဒီစမ်းသပ်မူ့ကို ၁၉၈၆ ဧပြီလ (၂၅)ရက်နေ့ မှာ စတင်ခဲ့ပါတယ်။ မောင်းနှင်ရေးသမားတွေကို သေသေချာချာ ရှင်းလင်းပြောပြထားပြီး လျပ်စစ်အင်ဂျင်နီယာ အထူးအဖွဲ့က အလိုအလျောက် ဗို့အားထိန်းညှိစက်ကို စမ်းသပ်ဖို့ အသင့်ဖြစ်နေပါပြီ။ (၀၁း၀၆) နာရီမှာ ဓါတ်အားထုတ်လုပ်မူ့ကို ၅၀% ထိလျော့ချလိုက်ပါတယ်။
မမျော်လင့်ပဲ တခြားစက်ရုံတစ်ခုက ဓါတ်အားပေးစနစ်အတွင်းမှ ထွက်ခွာသွားလို့ စမ်းသပ်မူ့ကို ဆိုင်းငံထားဖို့ ကီးယပ်ဖ် ဓါတ်အားထိန်းချူပ်ရေးမှ တောင်းဆိုခဲ့ပါတယ်။ ချာနိုဘိုင်း စက်ရုံဒါရိုက်တာက ဒါကိုလက်ခံခဲ့ပြီး ဆိုင်းငံပေးခဲ့တယ်။ ဒါပေမယ့် စမ်းသပ်ချင်လို့ ခဏပိတ်ထားတဲ့ “ဓါတ်ပေါင်းဖိုတွင်း အရေးပေါ် အအေးပေးစနစ်” ကို ပြန်မဖွင့်ခဲ့ကြဘူး။
(၂၃း၀၄) မှာတော့ ကီးယပ်ဖ် ဓါတ်အားထိန်းချူပ်ရေးငှာနက စမ်းသပ်မူ့ လုပ်ခွင့်ပြုလိုက်ပါပြီ။ ဒီလိုအချိန်ဆိုင်းငံခံလိုက်ရတာဟာ ကံဆိုးဖို့ အကြောင်းဖန်လာတာပါပဲ။ အတွေ့အကြုံများတဲ့ အင်ဂျင်နီယာ ဖြစ်တဲ့ မနက်ပိုင်း မောင်းနှင်ရေးသမားတွေ ပြန်သွားကြလို့ ညနေအဆိုင်း သမားတွေတောင် ပြန်ဖို့လုပ်နေပါပြီ။ ညအဆိုင်းသမားတွေကလဲ သန်းခေါင်ယံမှ တာဝန်လွဲပြောင်းယူကြမှာပါ။ ညအဆိုင်းသမားတွေဟာ အတွေ့အကြုံနည်းတဲ့ အင်ဂျင်နီယာတွေပါ။ အကီနော့ဗ်က အလှည့်ကျ မောင်းနှင်ရေး အင်ဂျင်နီယာဖြစ်ပြီး လီယိုနစ် တော့တန်နော့ဗ် ဟာဆိုရင် အကြီးတန်းအင်ဂျင်နီယာ ရာထူးတိုးမြှင့်ခံရတာ သုံးလသာရှိပါသေးတယ်။
ဧပြီလ (၂၆) နံနက်(၁၂း၀၅) မိနစ်မှာတော့ စမ်းသပ်မူ့ပြန်လည် စတင်ပါပြီ ။ တော့တန်နော့ဗ် ဟာ စက်အမှက်(၄)ကို (၇၀၀) မဂ္ဂါဝပ်ထိအောင် လျော့ချလိုက်ပါတယ်။ နောက်ထပ် မိနစ်နှစ်ဆယ်ထိကတော့ အရာရာအဆင်ပြေ နေပါသေးတယ်။ (၁၂း၂၈) မိနစ်မှာတော့ ဓါတ်ပေါင်းဖိုဟာ အကြောင်းပြချက်မသိရဘဲ ဓါတ်အားထုတ်လုပ်မှူ့ (၅၀၀) မဂ္ဂါဝပ်ထိ လျော့ကျသွားတယ်။
(၁း၀၅)မှာ ရေပန့်တာဝန်ခံ ဘောရစ်ဟာ အစီအစဉ်အတိုင်း အကူပန့်တွေကို စမောင်းကြပါတယ်။ ဒီလိုမောင်းလိုက်တာကြောင့် ရေနွေးငွေ့ထွက်ရှိနုန်း ကျဆင်းသွားပြီး တာဘိုင်တွေလည်ပတ်မူ့ နှေးကွေးလာပါတယ်။
(၁း၁၉)နာရီမှာတော့ ဓါတ်ပေါင်းဖို ထိန်းချူပ်ခန်းက တော့တန်နော့ဗ်ဟာ သူကူညီနိုင်မယ်ထင်ပြီး စွမ်းအင်ပိုရအောင် control rods တွေကို ဆွဲထုတ်လိုက်ပါတယ်။ အမှက်(၄)စက်မှာ control rods (၂၂၁)ခုရှိပြီး ခြောက်ခုသာကျန်တဲ့အထိ ဆွဲထုတ်ပစ်လိုက်တယ်။ ဘာ့ကြောင့် သူဒီလိုလုပ်ခဲ့တယ်ဆိုတာ မသိနိုင်ပါဘူး ( တော့တန်နော့ဗ်ဟာ ပေါက်ကွဲမူ့ဖြစ်ပြီး မကြာခင် သေဆုံးသွားခဲ့တယ်) ။သူတို့မသိတာက ဓါတ်ပေါင်းဖိုအတွင်းမှာ အပူချိန်ဟာ အန္တရာယ် ဖြစ်လောက်အောင် မြင့်တက်နေခဲ့ပြီ။
(၁း၂၃) မှာ တာဘိုင်ထပ်ကလူတွေကို စမ်းသပ်မူ့ပြီးစီးပြီလို့ ထိန်းချူပ်ခန်းက အကြောင်းကြား လာတာကြောင့် စီစဉ်ထားတဲ့အတိုင်း တာဘိုင်ကို ရပ်ခဲ့ကြပါတယ်။ ဒီအချိန်မှာ ဓါတ်ပေါင်းဖိုအတွင်းက အပူချိန်ဟာ ပုံမှန်ထက် အဆတစ်ရာ မြင့်တက်နေပြီး ဓါတ်ပေါင်းဖိုအတွင်းက အူတိုင်တွေ အရည်ပျော်ခဲ့ပါပြီ။
တော့တန်နော့ဗ်ဟာ အရေးပေါ် ရပ်တန့်တဲ့ခလုတ်ကို နှိပ်ခဲ့ပေမယ့် အချိန်မမှီတော့ပါဘူး။ ဘယ်လိုမှထိန်းချူပ်လို့ မရတော့ဘူးဆိုတာသူသိလိုက်တယ်။ နောက်ထပ် တစ်မိနစ် အကြာမှာတော့ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး နူကလီးယား မတော်တဆမူ့ဖြစ်တဲ့ ဓါတ်ပေါင်းဖိုအမှက်(၄) ပေါက်ကွဲခဲ့ပါတယ်။
ပေါက်ကွဲမူ့ အရှိန်ကြောင့် တန်(၂၀၀၀) လောက်လေးတဲ့ စတီးအမိုး တစ်စစီ လွင့်ထွက် သွားခဲ့ပါတယ်။ (ဂ)တန်အလေးချိန်ရှိတဲ့ ရေဒီယိုသတ္တိကြွ လောင်စာတွေဟာ ကောင်းကင်ဆီ လွင့်စင်သွားတယ်။
ပေါက်ကွဲမူ့ဖြစ်ပြီး လေးမိနစ်အကြာမှာ စက်ရုံက မီးသတ်သမား (၁၄)ယောက် ပထမဆုံး အနေနဲ့ ရောက်လာခဲ့တယ်။ ဓါတ်ပေါင်းဖို ခန်းမထဲမှာ မီးလောင်နေတာကို သူတို့ တွေ့ခဲ့ဲကြပါတယ်။
သူတို့က ဒါကို ရိုးရိုးမီးလောင်တာလို့ပဲ ထင်ခဲ့ကြတယ်။ ဓါတ်ပေါင်းဖို ပေါက်ကွဲတယ်လို့ သူတို့ကို ဘယ်သူမှ မပြောခဲ့ကြဘူး။ မီးတောက်ကို ငြိမ်းသတ်ဖို့ပဲ ကြိုးစားခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားပြီး အန်တယ်။ ကိုယ့်ကိုယ်ကို တည့်မတ်အောင်မထိန်းနိုင်ကြတော့ဘူး။
မနက်ငါးနာရီမှာတော့ မီးတောက်ငြိမ်းသွားပါပြီ။ အဲ့ဒီဖြစ်ရပ်မှာ မီးသတ်သမား(၆၁)ယောက် မီးလောင်ဒဏ်ခံရပြီး (၃၁)ယောက်ကတော့ ရေဒီယိုသတ္တိကြွ ရောင်ခြည်တွေ တိုက်ရိုက်ထိမှန်တာကြောင့် သေဆုံးခဲ့ရပါတယ်။ နောက်ပိုင်းမှာ လူတော်တော်များများ ရေဒီယိုသတ္တိကြွ ရောင်ခြည်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေ ပြသလာပါတယ်။
ပြဿနာကခုမှ စတာပါ။ ဓါတ်ပေါင်းဖိုကနေ ရေဒီယိုသတ္တိကြွ ရောင်ခြည်တွေ ဆက်တိုက်ထုတ်လွင့်နေပါတယ်။ ဆိုဗီယက်အာဏာပိုင်တွေဟာ ဒီပေါက်ကွဲမူ့နဲ့ ပါတ်သက်ပြီး တိတ်ဆိတ်နေတုန်းပါ။ အဲ့ဒိအချိန်က အကြီးအကဲ မီခေးလ်ဂေါ်ဘာချော့ ဟာ ဒီပြသနာကို ဖုံးကွယ်ထားချင်ခဲ့တယ်။
စွန့်ပစ်ခံမြို့တော် ပရီပြတ်
ချာနိုဘိုင်းလ် မြို့တော်နဲ့ (၃)ကီလိုမီတာ အကွာမှာတော့ စက်ရုံဝန်ထမ်း အများစုနေထိုင်တဲ့ “ပရီပြတ်” မြို့တော်မှာ လူဦးရေ (၅၀၀၀၀) လောက်ရှိတယ်။ သူတို့ဟာ အဆိပ်သင့် ဓါတ်ရောင်ခြည် တွေကြားထဲမှာ နေထိုင်နေခဲ့တယ် ဆိုတာကို မသိခဲ့ကြပါဘူး။ ပေါက်ကွဲမူ့ဖြစ်ပြီး နောက်နေ့ မနက်(၁၀)နာရီလောက်မှာတော့ နူကလီးယားစက်ရုံမှာ တစ်ခုခုဖြစ်နေပြီ ဆိုတာကို သိုးသိုးသန့်သန့် ကြားကြတယ်။
အဲ့ဒီအချိန်မှာ ဆိုဗီယက် အာဏာပိုင်တွေဟာ အဲ့ဒီ နူကလီးယားမြို့တော်ကို ပြောင်းရွေ့ပြစ်ဖို့ တိတ်တဆိတ် တိုင်ပင်နေကြပါပြီ။ ပေါက်ကွဲမူ့ ဖြစ်ပြီး (၃၆)နာရီအကြာမှာ ချာနိုဘိုင်းလ် စက်ရုံမှာ ဘာတွေဖြစ်နေပြီလဲ ဆိုတာကို မြို့သူမြို့သားတွေကို အသိပေးခဲ့တယ်။ တပြိုင်နက်ထဲမှာ စစ်တပ်ကဦးဆောင်ပြီး ဘတ်စ်ကားအစီးရေ (၁၂၀၀၀) လောက်နဲ့ ဒီမြို့ကို အပြီးပြောင်းရွေ့ပေးဖို့ ရောက်လာခဲ့ကြပြီး အခုလို ကြေငြာခဲ့တယ်။
“ကျေးဇူးပြုပြီးနားဆင်ပါ။ ချာနိုဘိုင်းလ်စက်ရုံ ပေါက်ကွဲမူ့ကြောင့် ရေဒီယိုသတ္တိကြွ ရောင်ခြည်တွေ ပျံလွင့်နေပါတယ်။ ဒီမြို့ကလူတွေအကုန်လုံး ဘေးလွတ်ရာကို အခုချက်ချင်း ပို့ဆောင်ပေးပါ့မယ်။ မိမိတို့ပစ္စည်းများကို အမြန်သိမ်းဆည်းပြီး စုရပ်သို့ အမြန်လာရောက်သတင်းပို့ကြရန် အသိပေးအပ်ပါတယ်။”
မြို့သူမြို့သားတွေဟာ မိမိတို့ပိုင်ဆိုင်ရာ စာရွက်စာတမ်းတွေ ပိုက်ဆံတွေ အဝတ်အစားတွေကို အမြန်သိမ်းဆည်းပြီး မြို့ကိုစွန့်ခွာခဲ့ကြရပါတယ်။ သူတို့ကို ဘယ်ကိုခေါ်သွားမယ် ဆိုတာလဲ မသိကြပါ။ အစုအဝေးလိုက် ပြောင်းရွေ့တာကို ညနေ(၂)နာရီမှာ စတင်ခဲ့ပြီး ညနေ(၅)နာရီမှာတော့ ပရီပြတ်မြို့ဟာ စွန့်ပြစ်ခံမြို့တော် အဖြစ် တမဟုတ်ချည်း ပြောင်းလဲသွားပါတယ်။
ချာနိုဘိုင်းလ် စက်ရုံမှာတော့ အဆိပ်သင့် ရောင်ခြည်တွေ ဆက်လက်ပျံလွင့် နေတုန်းပါ။ အာဏာပိုင်တွေဟာ ဒီလိုပျံလွင့်တာကို ထိန်းချူပ်ဖို့ ကြိူးစားခဲ့ကြတယ်။ နောက်(၆)ရက်အကြာမှာ ရဟတ်ယာဉ် အစီးရေ(၈၀၀) ကို အသုံးပြုပြီး ကောင်းကင်ကနေ ဓါတုဗေဒအမှုန့် တန်ချိန်(၁၅၀၀၀) လောက်ကြဲချခဲ့တယ်။ ဒီဓါတုဗေဒအမုှန့်တွေက ဓါတ်ရောင်ခြည်တွေကို စုပ်ယူလို့ အတော်အသင့်တော့ ထိန်းချူပ်နိုင်ခဲ့ပါတယ်။
အဲ့ဒီအချိန်ဟာ စစ်အေးတိုက်ပွဲကာလမို့ အမေရိကန်ဘက်ကလဲ ကောင်းကင်ဂြိုလ်တုမှတစ်ဆင့် ဆိုဗီယက်နိုင်ငံကို အမြဲမပြတ် ထောလှမ်းလျက်ရှိတယ်။ ဓါတ်ပေါင်းဖို ပေါက်ကွဲပြီး (၂၈)စက္ကန့်အကြာမှာ အမေရိကန်ထောက်လှမ်းရေးငှာနက ထောက်လှမ်းသိရှိခဲ့တယ်။ ပထမတော့ ဆိုဗီယက်ဘက်က နြူကလီးယား ထိပ်ဖူးတပ်ဒုံးကျဉ် ပြစ်လွတ်လိုက်တာလို့ ထင်ခဲ့တာပါ။ နေရာကို သေချာစစ်ကြည့်မှ ချာနိုဘိုင်းလ်စက်ရုံ တည်နေရာဖြစ်လို့ ဒီစက်ရုံမှာ ပြဿနာ အကြီးအကျယ်တက်နေပြီဆိုတာ ခန့်မှန်းမိကြတယ်။
ပေါက်ကွဲမူ့ဖြစ်ပြီး နောက်နှစ်ရက်အကြာ ဧပြီလ(၂၈)ရက်နေ့မှာတော့ ဆွီဒင် နူကလီးယား အင်ဂျင်နီယာ ကလစ်ရော်ဘင်ဆင်ဟာ သူအလုပ်လုပ်ရာ ဖော့စ်မာ့ခ် နူကလီးယားစက်ရုံကို ပုံမှန်အတိုင်း သွားခဲ့ပါတယ်။ စက်ရုံအဝင်မှာရှိတဲ့ ရေဒီယိုသတ္တိကြွဓါတ်ရောင်ခြည် တိုင်းတဲ့စက်က အချက်ပေးသံမြည်လာပြီး သူ့ကိုဝင်ခွင့်မပြုခဲ့ဘူး။ သူဟာ စက်ရုံထဲကိုမဝင်ရသေးလို့ ရေဒီယိုသတ္တိကြွရောင်ခြည်တွေ တွေ့တယ်ဆိုတာကို နားမလည်နိုင်ဖြစ်ခဲ့ရတယ်။
အကြိမ်ကြိမ် စမ်းကြည့်ပေမယ့် အဖြေကတော့ အတူတူပါပဲ။ အခြား ဝန်ထမ်းတွေကိုလဲ တိုင်းတာတဲ့စက်က ပေးမဝင်ပါဘူး။ ကလစ်သတိထားမိလိုက်တာကတော့ ရေဒီယိုသတ္တိကြွရောင်ခြည်ဟာ သူ့ရဲ့ဖိနပ်က အများဆုံး ထွက်ရှိနေတာပါ။ သူ့ဖိနပ်ကို စမ်းသပ်ကြည့်လိုက်တော့ သူသိလိုက်ပါပြီ။ ရေဒီယိုသတ္တိကြွရောင်ခြည်တွေဟာ ဒီစက်ရုံကမဟုတ်ဘဲ တစ်နေရာရာမှာ နူကလီးယားလက်နက် ပေါက်ကွဲပြီလို့ သူထင်လိုက်ပါတယ်။
နောက်နေ့မှာတော့ ဆွီဒင်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ အဆိပ်သင့်ရောင်ခြည် တွေရဲ့ မြစ်ဖျားခံရာဟာ ဆိုဗီယက်ယူနီယံဆိုတာ တွေ့ရှိခဲ့ကြတယ်။ ဒီလိုနဲ့ နိုင်ငံတကာရဲ့ဖိအားပေးမူ့ကြောင့် ဓါတ်ပေါင်းဖိုပေါက်ကွဲမူ့အကြောင်းကို ဆိုဗီယက်ယူနီယံက ထုတ်ပြန်ခဲ့ရတယ်။ ဒီပေါက်ကွဲမူ့သတင်းကို တစ်ကမ္ဘာလုံးမှာရှိတဲ့ သတင်းစာတွေက မျက်နှာဖုံးသတင်းအဖြစ် ဖေါ်ပြခဲ့ပါတယ်။ နောက်ထပ်(၁၀)ရက်အကြာမှာ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်တွေဟာ အရှေ့ဘက်မှာ ဂျပန်အထိ အနောက်ဘက်မှာ အမေရိကန်အထိ ပျံနှံသွားခဲ့ပါတယ်။ (၁၉၈၆)မေလထဲမှာတော့ အခုလိုမတော်တဆဖြစ်ခဲ့တဲ့ ဓါတ်ပေါင်းဖိုအမှက်(၄)ကို ကွန်ကရစ်နဲ့အပြီး ဂူသွင်းမြူပ်နှံ ထားလိုက်တာ ယနေ့ထိတိုင်ပါပဲ။
ကြောက်စရာကြီး ...
ReplyDeleteသိပ္ပံဇတ်လမ်းတွေ အတိုင်းပဲ ...