Saturday 22 August 2020

နောက်ဆုံးသော Bee Gees

 


Rahni - Bee Gees တွေက ရွှေဇွန်းကိုက်ပြီး မွေးခဲ့တဲ့အစားထဲမှာ ပါလား? 


Barry - အဲ့လို အစားထဲတော့မပါ ပါဘူး...ဆင်းရဲတဲ့ အထဲမှာပါတယ်...ကျနော်တို့က မန်ချက်စတာမှာ ကြီးပြင်းခဲ့ပြီး အကြောက်အလန့်မရှိတဲ့ ကလေးတွေပါ...ကျနော်တို့မိဘတွေက ဒုတိယကမ္ဘာစစ်အပြီးမှာ Ten Pound Poms ဆိုတဲ့ အစီအစဉ်နဲ့ လ.၀.က ကြေး ဆယ်ပေါင်ပေးပြီး သြစတေးသျမှာ အခြေချနေထိုင်တဲ့ လူစုထဲမှာပါတယ်...သြစတေးသျမှာ ကြီးပျင်းခဲ့တာ ဘယ်အရာထဲမှ မတူပါဘူး....အဲ့ဒါကျနော့ နိုင်ငံပါ.....ကျနော့စိတ်ထဲမှာ အမြဲရှိနေပါတယ်....


Rahni- Bee Gees တွေ နာမည်ကြီးလာလိမ့်မယ်လို့ ထင်ခဲ့လား?


Barry-  အဲ့လို အောင်မြင်တဲ့သူတွေ ဖြစ်လာဖို့ ကလွဲပြီး စိတ်ထဲမှာ ဘာမှမရှိဘူး...


Bee Gees တွေဟာ သူတို့ရဲ့  သီချင်းတစ်ချို့ သဩစတေးသျမှာ အောင်မြင်ခဲ့ပြီးနောက် ပိုမိုအောင်မြင်စေရန် အင်္ဂလန်ကို ပြောင်းရွေ့ခဲ့ကြတယ် .....Beatles အဖွဲ့ရဲ့ မန်နေဂျာတွေ သူတို့ကို သတိထားမိတဲ့နောက်မှာ သီချင်းခွေထုတ်ဖို့ စီစဉ်ကြပါတော့တယ်....ပထမတော့ သူတို့ ဘယ်သူတွေပါဆိုတာကို အသိမပေးဘဲ ရေဒီယို အစီအစဉ်တွေကနေ ထုတ်လွင့်ခဲ့တယ်.....လူတွေက Beatles တွေ ဆိုနေတာလို့ပဲ ထင်ခဲ့ကြတာပါ.....


Rahni- မင်းတို့မိဘတွေကရော အခုလို သီချင်းဆိုတာကို အားပေးကြလား?


Barry- စင်ပေါ်မှာ ပြုံးနေဖို့ အဖေက အမြဲတမ်း ပရိတ်သတ်တွေရဲ့ နောက်ကနေပြီး လက်အမူအရာနဲ့ သတိပေးနေကြလေ...ဒါပေမယ့် အဖေက လျို့၀ှက်တယ်...သူဘာဖြစ်နေတယ်ဆိုတာကို အမြဲဖုံးကွယ်ထားတတ်တယ်....


(၁၉၆၉) မှာတော့ အဖွဲ့ကနေ Robin ထွက်သွားပြီး အဖွဲ့လှုပ်ရှားမူ့တွေ ရပ်တန့်သွားတယ် ....နောက်နှစ်နစ်အကြာမှာ ပြန်လည်ပေါင်းစည်းကြပြီး သူတို့ရဲ့ ကံကောင်းခြင်းတွေ ပြန်လည် ယူဆောင်လာပါတယ်....သူတို့ဟာ အမေရိကန်နိုင်ငံ မီယာမီကို ပြောင်းသွားကြပြီးနောက်ပိုင်း Disco ‌ေလာကမှာ တစ်ရှိန်ထိုး အောင်မြင်သွားပါတယ်....


Rahni-  သွားလေရာမှာ လူထောင်ပေါင်းများစွာ က လက်ခုပ်တီးကြိုဆိုနေကြတာဆိုတော့ ဘယ်လိုခံစားရလဲ?


Barry- ကောင်းတာပေါ့ ဟုတ်ဘူးလား?


Rahni- သိဘူးလေ အဲ့လိုမှ မအောင်မြင်ဖူးတာ... သီချင်းရေးတဲ့အခါ ဘယ်လိုရေးခဲ့ကြလဲ?


Barry-   ပထမဆုံး သံစဉ်ကို အရင်ရှာကြတယ်...နောက်သုံးလေးရက်နေမှ သူနဲ့ လိုက်ဖက်မယ့် စာသားတွေ စဉ်းစားကြတာပေါ့...သံစဉ်ကို ခေါင်းထဲအမြဲကြားနေအောင်လုပ်ပြီးမှ စာသားထည့်ခဲ့ကြတာ....


Rahni- မင်းရဲ့ အသံအမျိုးအစားက falsetto အမြင့်နဲ့ဆိုလေ့ရှိ တယ်နော် အဲ့လို အသံ ဘယ်လိုရလာခဲ့တာလဲ?


Barry- ဒီလိုပဲဆိုလိုက်တာပဲ... “Nobody gets too much heaven” သီချင်းလိုမျိုးဆိုတုန်းကဆို falsetto အသံများများပါတယ် ... တော်တ်ောများများက လက်ခံကြတယ်....Robin ကဆို အဲ့ဒီသီချင်းကို ပွဲတိုင်းမှာ ဆိုစေချင်တယ်...သူက အောင်မြင်ပြီးရင်း အောင်မြင်ချင်တဲ့ သူမျိုးလေ....


Rahni-  ပိုင်ဆိုင်ခဲ့တဲ့အရာတွေထဲ ဘာက ဂုဏ်ယူစရာအကောင်းဆုံးလဲ?

Barry- ငါ့မိသားစု...ငါ့ကလေးတွေနဲ့ ငါ့မြေးတွေပေါ့...ဒါတွေကသာ အစစ်အမှန်လေ...


Bee Gees ညီအကို သုံးယောက်ကြားက ချစ်ခင်မှု့ဟာလဲ ပြောစမှက်ပါပဲ...သူတို့သုံးယောက်ပေါင်းမှ တစ်ယောက်ထဲလို ဖြစ်နေတာပါ....Mo က (၂၀၀၃) ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး Robin က (၂၀၁၂)မှာ ကွယ်လွန်ခဲ့ပါတယ်....


Rahni- အဲ့ဒီနှစ်တွေက မင်းအတွက် တော်တော်ဆိုးမှာပဲနော်...


Barry- အဲ့ဒီဆယ်စုနှစ်တစ်ခုလုံး တော်တော်ဆိုးတာပါ....Mo ကို ၂ရက်အတွင်းဆုံးရုံးခဲ့ရတယ်....အကောင်းကြီးကနေ ရုတ်တရက်အပြင်းအထန် နေမကောင်းဖြစ်ပြီး ဆုံးသွားခဲ့တယ်....Robin ကတော့ နည်းနည်းကွာတယ် ...သူ့ကို ကျန်းမာရေး ပုံမှန်မဟုတ်ဘူးလို့ အမြဲထင်ခဲ့တယ်....သူကလဲ ဘယ်သူ့ကိုမှ ပြောမပြဘူး...နောက်ဆုံးတော့ ကင်ဆာကကင်ဆာပဲလေ သိတယ်မလား?...


ငါနောင်တအရဆုံးကတော့ ငါ့ညီတွေထဲက တစ်ယောက်ယောက်ဆုံးတိုင်း ငါတို့ စိတ်သဘောထားမတိုက်ဆိုင်ကြတဲ့ အချိန်တိုင်းမှာ ဆုံးသွားကြတာပဲ...ဒီနောင်တနဲ့ တစ်သက်လုံးနေသွားရမှာပဲ....ရှင်သန်ခြင်းအကြောင်းကို ခဏခဏတွေးဖြစ်တယ်...ဘာလို့ငါက အကြီးဆုံးဖြစ်ပြီး နောက်ဆုံး အသက်ရှင်ကျန်ခဲ့တဲ့လူ ဖြစ်ရတာလဲ ငါလဲမသိဘူး...နားလည်အောင် မကြိုးစားတာပဲ ကောင်းပါတယ်...


ဒီနေ့ကစပြီး ငါ့ညီတွေ အကုန်မရှိတော့ဘူးဆိုတာကို လက်ခံလိုက်ရပြီ...ဒါကတော်တော်ခက်ပါတယ်.....နို့မို့ လက်မခံနိုင်ဘူး ဖြစ်နေတာ....ငါတို့ညီအကိုတွေ အရာရာတိုင်းမှာတော့ သဘောထား မတိုက်ဆိုင်ခဲ့ဘူး...များသောအားဖြင့်တော့ ပျော်ရွင်ခဲ့ကြရတယ်...အခုလို အင်တာဗျူးပေးတဲ့အတွက် ကျေးဇူးတင်တယ်...ငါအင်တာဗျူးမဖြေတာတော်တော်ကြာပြီ....


Last Bee Gees Goes it alone by SN

Lin Nanda Tun