Monday, 14 October 2013

ချားလ်စ်ဒါဝင်





ရုပ်ဒြပ်ဆင့်ကဲပြောင်းလဲခြင်း ( Organic Evolution ) ဟာ သဘာဝရွေးချယ်ခြင်း ( Natural Selection ) ကြောင့်ဖြစ်ရတယ်လို့  စံတင်ပြောဆိုတဲ့ ချားလ်စ်ဒါဝင် ( Charles Darwin ) ကို အင်္ဂလန် ရှရူဗရီ ( Shrewsbury ) မှာ ( အေဗရာဟမ်လင်ကွန်းနဲ့ တစ်နေ့တည်း တစ်ရက်တည်း ) ၁၂ ဖေဖေါ်ဝါရီ ၁၈၀၉ ကမွေးဖွားပါတယ်။


အသက်တစ်ဆယ့်ခြောက်နှစ်ရောက်တော့ အီဒင်ဘာ့ တက္ကသိုလ် ( Edinburg University ) မှာ ဆေးပညာသင်ခဲ့တယ်။ ဒါပေမယ့် ဆေးပညာရော ခန္ဓာဗေဒ (Anatomy) ပညာပါ သိပ်ပျင်းစရာကောင်းတယ်လို့ ထင်တာနဲ့ ကိန်းဗရစ်ချ် ( Cambridge ) ကိုပြောင်းပြီး၊ ကျမ်းစာသင်ကြားဖို့ အားထုတ်ကြည့်တယ်။


ဒါပေမယ့် မြင်းစီးတယ် သေနတ်ပစ်တယ်ဆိုတာကို စာပေကျမ်းဂန် ထက်ပိုပြီးနှစ်သက်လို့ ပါမောက္ခတစ်ယောက်ကို အယုံသွင်းပြီး ဘီဂဲ (H.M.S.Beagle) သင်္ဘောနဲ့ ရှာဖွေရေးလမ်းခရီး ထွက်တာမှာ သူကသဘာဝပညာရှင် အဖြစ်နဲ့လိုက်ပါခွင့်ရအောင် ထောက်ခံခိုင်းပါတယ်။ သူ့အဖေက ဒါကိုမနှစ်သက်ပါ။ ဘာမှစွဲစွဲမြဲမြဲ မလုပ်ဖြစ်ပဲ ကလေကချေနေတာ အဆုံးသတ်တော့မှာမဟုတ်ဘူးလို့ ထင်သတဲ့။


ဒါပေမယ့် ကံအားလျော်စွာ ဖခင်ရဲ့ခွင့်ပြုချက်ရခဲ့ပါတယ်။ ဒီရေလမ်းခရီးဟာ အနောက်တိုင်းသိပ္ပံမှာ သိပ်ပြီး အကျိူးရှိတဲ့ ခရီးဖြစ်ခဲ့တယ်။ ဘီဂဲသင်္ဘောပေါ်မှာလိုက်ပါပြီး ဒါဝင်ဟာ (၁၈၃၁ ) မှာ ခရီးထွက်ချိန်တုန်းက အသက်နှစ်ဆယ့်နှစ်ပဲ ရှိသေးတယ်။ အဲ့ဒီကစပြီး ငါးနှစ်တိုင်တိုင် တောင်အမေရိက ကမ်းခြေတွေကို ဝိုက်ပတ်ပြီး တအေးတဆေးသွားတော့ ပင်လယ်ထဲမှာ ထီးထီးရှိနေတဲ့ ဂယ်လက်ပဂို ကျွန်းတွေကိုတက်ရောက်ရှာဖွေခွင့်ရခဲ့သလို အိန္ဒိယသမုဒ္ဒရာ နဲ့ တောင်အတ္တလန်တစ်ကိုလဲ ဝင်ရောက်လေ့လာခဲ့ပါတယ်။


ဒီလိုပင်လယ်ခရီးရှည်ကြီးသွားတုန်းမှာ သဘာဝအံသြစရာတွေ အများကြီးကို ဒါဝင် တွေ့ခဲ့ရပါတယ်။ ရှေးကျကျန်ရစ်တဲ့ လူမျိူးစုတွေ ကိုလည်းတွေ့ခဲ့ရတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုလည်း တွေ့ခဲ့ရတယ်။ ဒါ့အပြင်အပင်အမျိူးမျိူး အကောင်အမျိူးမျိူးကိုလဲ လေ့လာခွင့်ရခဲ့ပါတယ်။ သူတွေ့မြင်သမျှကို အကျယ်တဝင့် စာအုပ်တွဲတွေ အများကြီးရတဲ့အထိ ရေးသားမှက်ယူခဲ့ပါတယ်။ အဲ့ဒီမှက်စုတွေသုံးပြီး အကြောင်းအမျိူးမျိူးကို နောင်အခါရေးပါတယ်။ အခြေခံစိတ်ကူးတွေကို ဒီမှက်စုတွေကရပါတယ်။ ဒီဆင့်ကဲပြောင်းလဲခြင်းသီအိုရီအတွက် သက်သေခံချက်တွေကို ဒီမှက်စုတွေကပဲ ရတာဖြစ်ပါတယ်။


  ဒါဝင်ဟာ(၁၈၃၆) မှာအိမ်ပြန်ရောက်တယ်။ နောင်အနှစ်နှစ်ဆယ်အတွင်းမှာ ကျမ်းစာအုပ်တွေအများကြီးရေးထုတ်နိုင်လို့ အင်္ဂလန်ရဲ့ခေါင်းဆောင် ဇီဝဗေဒပညာရှင်တစ်ဦး ဖြစ်လာပါတယ်။ အဲ့ဒီ (၁၈၃၇) လိုခပ်စောစောအချိန်ကတည်းကပဲ ဒါဝင်က သတ္တဝါတွေ အပင်တွေဟာ ဘယ်တော့မဆို ဒီပုံမျိူး တစ်ပုံတည်းက မပြောင်းမလဲ တည်မြဲနေတယ်လို့ မယူဆနိုင်ကြောင်း သိတယ်။ ဘူမိသမိုင်းမှာ တောင်ကချိူင့် မြေကနေရေဆိုသလို ပြောင်းတယ်။ ဒါကိုလိုက်ပြီး သတ္တဝါတွေလဲ ပြောင်းလဲမှာပဲပေါ့။ ဒါပေမယ့် အဲ့ဒီအခါက ဘာ့ကြောင့်ဒီလိုဆင့်ကဲ လိုက်ပြီးပြောင်းလဲလာပါတယ်လို့ မရှင်းပြတတ်ခဲ့ပါ။


နောင် (၁၈၃၈) လောက်မှာ သောမတ်စ်မေးလ်သပ်စ် ရေးတဲ့ လူဦးရေအခြေခံသဘောတရားအကြောင်းကို ဖတ်မိတယ်။ အဲ့ဒီအခါကျမှ မပျက်မစီး ဆက်လက်ရှင်သန်ဖို့ သဘာဝကရွေးချယ်ပေးတဲ့ အခြေခံသဘောတရားရှိတယ်လို့ ဒါဝင်သိရှိပြီး စနစ်တစ်ခုကို ဖေါ်ထုတ်ခဲ့ပါတယ်။ ဒီလို သဘာဝကရွေးချယ်ခြင်း အခြေခံသဘောတရားကို ဒါဝင်ကပုံစံချတယ်ဆိုပေမယ့် သူအလျင်စလို ပုံနှိပ်ထုတ်ဝေခြင်း မပြုခဲ့ပါ။ လူတွေအများကြီးက ဝိုင်းပြီးကန့်ကွက်မယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။ ပြီးတော့ စနစ်တကျ တင်သွင်းဖို့ သူ့အဆိုကြမ်းကို စီစဉ်ထားပါတယ်။


သူ့ သီအိုရီအကျဉ်းချူပ်ကို (၁၈၄၂) ကပဲ ရေးသားပြီးစီးခဲ့တယ်။ နောက်အကျယ်ကိုတော့ (၁၈၄၄)မှာရေးတယ်။ ဒါဝင်ကသူ့ကျမ်းကို (၁၈၄၂) ဇွန်လထဲ ဖြည့်ဆဲ ပြင်ဆင်ဆဲပဲ အယ်ဖရက်ရပ်ဆဲဝေါလေ့စ် အမည်ရှိတဲ့ ဗြိတိသျှသဘာဝပညာရှင် ထံက ဆင့်ကဲဖြစ်စဉ်သီအိုရီ စာမူကြမ်းတစ်ခုဒါဝင့်ဆီရောက်လာပါတယ်။ အရေးကြီးတဲ့ အချက်အလက်တိုင်းမှာ ဝေါလေ့စ်နဲ့ဒါဝင်တူညီနေတယ်။


ဝေါလေ့စ်လဲ သူ့ဘာသာတစ်သီးတစ်ခြား ရှာဖွေတွေ့ရှိထားတာဖြစ်တယ်။ သူ့စာမူပုံမနှိပ်ခင် ဒါဝင့်ဆီပို့တဲ့သဘောက သိပ္ပံပညာရှင်ရယ်လို့ အများလေးစားတဲ့ ပုဂ္ဂိုလ်ဆီက ဝေဖန်ထင်မြင်ချက်ရယူလိုလို့ဖြစ်တယ်။ အဲ့ဒီမှာ ဒီသီအိုရီကို ဘယ်သူကစတွေ့သလဲဆိုတဲ့ ငြင်းခုံပွဲကြီးဖြစ်ရတော့မယ့် စိတ်ရှူပ်စရာအခြေအနေကို ရောက်နေပါပြီ။ သူကဒီလိုအဖြစ်မခံနိုင်ပါ။ ဒါဝင်ရဲ့အကျဉ်းချူပ်နဲ့ ဝေါလေ့စ်ရဲ့စာမူ နှစ်ခုစလုံးကိုပူးတွဲပြီး (၁၈၅၈) ဇူလိုင်မှာ သိပ္ပံအဖွဲ့ကြီးတစ်ခုဆီ ပို့လိုက်ပါတယ်။


    ထူးဆန်းတာက ဒီလိုသိပ္ပံအဖွဲ့ကြီးကို တင်ပြလိုက်ပေမယ့် ဘယ်သူကမှ အရေးတယူ ပြောဆိုဆွေးနွေးခြင်း မရှိခဲ့ပါ။ ဒါပေမယ့်  ဒါဝင်ရဲ့ မျိူးရိုးဗီဇ( The Origin of Species ) ကို (၁၈၅၉) မှာ ပုံနှိပ်တယ်ဆိုတာနဲ့ တစ်ခါတည်း ပွက်လောရိုက်လာပါတယ်။ အဖြစ်မှန်ကတော့ အရင်က ပေါ်ထွက်သမျှ ဘယ်သိပ္ပံ စာအုပ်ကိုမှ ဒီစာအုပ်လို သိပ္ပံသမားရော အပြင်လူတွေကပါ အရေးတယူဖတ်ပြီး အပြင်းအထန်ငြင်းခုံတယ်ရယ်လို့ မရှိခဲ့ပါ။





ဒါဝင်ရဲ့ (၁၈၇၁)မှာ လူဆင်းသက်လာပုံနှင့် အဖိုအမဆက်ဆံရေးမှာရွေးကောက်ပုံ စာအုပ်ထွက်လာတော့လည်း စောစောကငြင်းခုံခဲ့တဲ့အရှိန်ဟာ ကျန်နေပါသေးတယ်။ အဲ့ဒီနောက်စာအုပ်မှာ လူဟာ လူဝံ (Ape) လိုသတ္တဝါမျိူးက ဆင်းသက်ခဲ့တယ်ဆိုတာကို ဖတ်ကြရတဲ့အခါ စောစောကလောင်တဲ့မီးမှာ ဆီထပ်ထည့်လိုက်သလို ပွက်လောရိုက်သလို ငြင်းကြပြန်တယ်။


    ဒါဝင်ဟာ သူ့သီအိုရီနဲ့ ပါတ်သက်ပြီး ပရိတ်သတ်အစုံရှေ့မှာ အခြေအတင်ဟောပြောပွဲလုပ်ရင် ဘယ်တော့မှမပါဘူး။ ဘီဂဲနဲ့ ပင်လယ်သမုဒ္ဒရာ အဝေးအလံသွားခဲ့စဉ်က မကြာခဏဖျားနာခဲ့ရတယ်။ အဆိပ်ရှိတဲ့ပိုးကိုက်လို့ ရတဲ့ရောဂါဖြစ်တဲ့ ရှာဂါရောဂါဖြစ်ခဲ့ရတယ်။ အဲ့ဒါတွေစုပြီး ကျန်းမာရေးမကောင်း သိပ်ပြီးအပြင်ထွက်လေ့မရှိဘူး။ အဲ့ဒါအပြင် သူ့ဘက်က ဆင့်ကဲပြောင်းလဲပုံကို ကောင်းကောင်းရှေ့နေလိုက်နိုင်တဲ့ သောမတ်စ်အိပ်ချ်ဟပ်စလေ တစ်ယောက်ရထားလို့ လည်းဖြစ်တယ်။


သိပ္ပံပညာရှင် အများစုက ဒါဝင်သီအိုရီတွေ အခြေခံအရ မှန်ကန်တယ်လို့ သူကွယ်လွန်တဲ့ (၁၈၈၂) မှာ လက်ခံထားပြီးဖြစ်တယ်။ ဒါဝင်ဟာ မျိူးဗီဇနဲ့ ဆင့်ကဲပြောင်းလဲပုံကို သူကစတင်ဖေါ်ထုတ်သူမဟုတ်ပါ။ သူ့ရှေ့က လူတစ်ချိူ့မှာ ဒီလိုစိတ်ကူး ရှိနေပါပြီ။ ပြင်သစ်သဘာဝပညာရှင် ဇန်လာမတ်နဲ့ သူ့အဘိုး အီရာစ်မာ့စ်ဒါဝင် တို့လည်း ဒီသီအိုရီကို ကြံဆခဲ့ကြပါတယ်။


ဒါပေမယ့် သူတို့ရဲ့အဆိုကြမ်းတွေကို သိပ္ပံကမ္ဘာက လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ စတင်ဖေါ်ထုတ်သူတွေက စိတ်ချလက်ချ လက်ခံယုံကြည် သုံးစွဲလောက်တဲ့ ရှင်းလင်းချက် မပေးနိုင်ကြလို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒါဝင်ရဲ့အစွမ်းက ဖြစ်ပွားပုံဆိုတဲ့ သဘာဝရွေးချယ်ခြင်းကို ပြောပြလိုက်တဲ့အခါကျမှ ဆင့်ကဲဖြစ်စဉ်ဆိုတာ ဒီလိုအဆင့်ဆင့်ဖြစ်ပွားပါပေတယ်လို့ သက်သေနဲ့တကွသိလာပြီး သူ့မူကြမ်းကို လက်ခံခဲ့ကြတာဖြစ်တယ်။


    ဒါဝင်သီအိုရီ နဲ့ပါတ်သက်ပြီး အထူးသတိပြုသင့်တဲ့အချက်ကတော့ သူ့သီအိုရီ ပုံစံချတော့ မျိူးရိုးပညာသီအိုရီကို သူမသိပါ။ ဒါဝင်တို့ခောတ်က မျိူးဆက်တစ်ခုရဲ့ အရည်အသွေးတစ်မျိူးကို နောက်တစ်ဆက်မှာ ဘယ်လိုအမွေပေးသလဲလို့ ဘယ်သူမှမသိပါ။ ဂရေဂိုမန်ဒဲလ်ဟာ အမွေဆက်ဥပဒေ (Laws of heredity) တွေကို ဒါဝင်ရဲ့စာအုပ်တွေ ထုတ်ဝေနေစဉ် အချိန်အတွင်းမှာပဲ ရေးသားခဲ့တယ်။


မန်ဒဲလ်ပြောသမျှဟာ ဒါဝင်ပြောတာတွေကို ဖြည့်စွက်ထောက်ပံနေတာဖြစ်ပေမယ့် ဒါဝင်ရဲ့သီအိုရီတွေကို လက်ခံအတည်ပြုနေပြီဖြစ်တဲ့ (၁၉၀၀) အချိန်အထိ မန်ဒဲလ်ကို ဘယ်သူမှဂရုမစိုက်ဘူး။ ခုတော့ခောတ်လူငယ်တွေ ကံကောင်းတယ်လို့ ဆိုရမှာက ဆင့်ကဲဖြစ်စဉ်လို့ပြောရင် မျိူးရိုးအမွေဆက်ဥပဒေနဲ့တွဲလိုက်တဲ့အခါ ဒါဝင်ပြောခဲ့တာထက် အများကြီးပြည့်စုံသွားတယ်။


    လူ့အတွေးအခေါ် ပုံစံမျိူးစုံမှာ ဒါဝင်ရဲ့သြဇာဟာ သိပ်ပြီးစူးရောက်တယ်။ သိပ္ပံသဘောထားသက်သက် ပြောရရင် သူ့ကြောင့် ဇီဝဗေဒဟာ အများကြီး ပြောင်းလဲ တိုးတက်ခဲ့ပါတယ်။ သဘာဝရွေးချယ်ခြင်းကို အများကြီးချဲ့ကားသုံးနိုင်တယ်လို့ သိလာကြပြီ။ ဥပမာ မနုဿဗေဒ၊ လူမူရေးပညာ၊ နိုင်ငံရေးသိပ္ပံ နဲ့ ဘောဂဗေဒတွေမှာသုံးပါတယ်။


    သိပ္ပံ လူမူရေးဆိုတာတွေမှာ အသုံးဝင်တာထက် ဒါဝင်ရဲ့ပညာဟာ ပိုပြီးထိရောက်တယ်လို့ ပြောရမယ့် ဘာသာရပ်ကတော့ ကိုးကွယ်ယုံကြည်မူ့ မှာဖြစ်ပါတယ်။ ဒါဝင်တို့ခောတ်နဲ့ နောက်နှစ်ပေါင်းများစွာမှာ ခရစ်ဝါဒကို သက်ဝင်ယုံကြည်သူတွေက ဒါဝင်ရဲ့သီအိုရီတွေကြောင့် ငါတို့သာသနာကြီး ဆုတ်ယုတ်ပျက်ပြားရတော့မယ်လို့ ယူဆတယ်။ သူတို့ ဒီလိုတွေးတာလည်း အပြစ်မဆိုသင့်ပါ။ တွေးသင့်ပါတယ်။ ဒါပေမယ့် ဘာသာတရားယုံကြည်စိတ်ဟာ တခြားအကြောင်းများစွာကြောင့်လည်း ကျဆင်းတာဖြစ်ပါတယ်။ ဒါဝင်ကိုယ်တိုင်ကလည်း ဘာသာတရား ယုံကြည်မူ့မရှိသူ ဖြစ်ပါတယ်။


    လောကီအကြောင်းသက်သက် ပြောရရင်လည်း ဒါဝင်သီအိုရီက လူတွေရဲ့ ကမ္ဘာပေါ်မှာထားတဲ့ သဘောထားကို အများကြီးပြောင်းစေတယ်။ အရင်က သဘာဝစီမံကိန်းမှာ လူက ထိပ်တန်းကပါဝင် လှူပ်ရှားနေကြရတယ်ဆိုတဲ့ အစွဲပျောက်ခဲ့ပြီ။ သတ္တဝါမျိူးပေါင်းများစွာမှာ ငါတို့လည်း တစ်စိတ်တစ်ပိုင်းပါပဲလား လို့သိလာကြပြီ။


တစ်နေ့နေ့မှာ တို့ထက်သာတဲ့သတ   ္တဝါ ပေါ်နိုင်တယ်လို့ သိလာကြပြီ။ ဒါဝင်ရဲ့ဆောင်ရွက်ချက်ရလဒ်ကတော့ ဟီရာကလိတပ်စ် ပြောခဲ့သလို ပြောင်းလဲခြင်းကလွဲလို့ ဘယ်အရာမှမတည်မြဲဘူး (There is nothing permanent except change)  ဆင့်ကဲဖြစ်စဉ်သီအိုရီက လူတို့ဗီဇကို ယေဘုယျရှင်းပြနိုင်သလို သိပ္ပံပညာဟာလည်း ရုပ်ဝတ္ထုဆိုင်ရာ ပြဿနာတွေကို ရှင်းနိုင်မယ်လို့ ခိုင်ခိုင်မြဲမြဲ တွေးထင်လာကြတယ်။


(မရှင်းနိုင်သေးတဲ့ လူ့ပြဿနာတွေ ရှိနေပါသေးတယ်) ဒါဝင်ပြောနေကြ ဘဝရပ်တည်ဖို့ ရုန်းကန်ဆဲနဲ့ အတော်ဆုံးသာ ကျန်ရစ်မယ်ဆိုတာတွေဟာ ကျွန်တော်တို့ နေ့စဉ်ပြောမြဲဝေါဟာရတွေ ဖြစ်လာပါတော့တယ်။ ကမ္ဘာမှာ လူသာမဓာနဆိုတဲ့ အမြင်လည်း ပြောင်းလဲသွားပါတော့တယ်။


(ဒေါက်တာသန်းထွန်း-ကျော်စွာ၁၀၀မှ)

Thursday, 10 October 2013

ချာနိုဘိုင်းလ်










   နူကလီးယားစွမ်းအားဟာ ဆိုဗီယက်ယူနီယံ အတွက်တော့ သုံးလို့မကုန်တဲ့ စွမ်းအင်တွေပါပဲ။ အဲ့ဒီအချိန် (၁၉၈၆) တုန်းက နူကလီးယား ဓါတ်အားပေး စက်ရုံတွေကနေ ဆိုဗီယက်ယူနီယံ ဓါတ်အားပေးစနစ် အတွင်းကို မဂ္ဂါဝပ် (၃၀၀၀၀) လောက် ထုတ်လုပ်ပေးနေပါတယ်။


 ချာနိုဘိုင်းလ် နူကလီးယားစက်ရုံမှာ မဂ္ဂါဝပ် (၁၀၀၀) ထွက်တဲ့ စက်လေးလုံး တပ်ဆင်ထားပြီး စက်အမှက်(၅)နဲ့ (၆)ကတော့ တပ်ဆင်နေတုန်းပါ။ ချာနိုဘိုင်းလ် နူကလီးယားစက်ရုံဟာ ဆိုဗီယက်ယူနီယံရဲ့  နည်းပညာထွန်းကားမူ့ ပြယုဒ်တစ်ခု လဲဖြစ်ပါတယ်။  ဒါတွေအားလုံးဟာ ပေါက်ကွဲမူ့ ကြိးဖြစ်သွားပြီးနောက် နာရီပိုင်းအတွင်းမှာ ကြောက်စရာအကောင်းဆုံး စက်ရုံအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။


ဒီပေါက်ကွဲမှူ့ကြိးကြောင့် လူ(၃၁)ယောက် သေဆုံးခဲ့ပြီး ရာပေါင်းများစွာ နူကလီးယား အဆိပ်သင့်ခဲ့ပါတယ်။  နူကလီးယား အဆိပ်သင့် တိမ်တိုက်တွေဟာ   အာရှအရှေ့ပိုင်းသာမက သမုဒ္ဒရာခြားတဲ့ အမေရိကတိုက်အထိအောင် ပြန့်နှန့်သွားခဲ့ပါတယ်။


ချာနိုဘိုင်းလ်စက်ရုံဟာ ယခင် ဆိုဗီယက်ယူနီယံခောတ်က ယူကရိန်းနိုင်ငံအတွင်းမှာ တည်ရှိပြီး ယူကရိန်းမြို့တော် ကီးယပ်ဖ် နဲ့ကီလိုမီတာ (၁၀၀) လောက်ဝေးတယ်။ ကီးယပ်ဖ်မှာ လူဦးရေ ၂သန်းလောက်ရှိပြီး လျှပ်စစ်ဓါတ်အားကို ပြည်နယ်တွင်းစက်ရုံဖြစ်တဲ့ ချာနိုဘိုင်းလ် စက်ရုံမှ အဓိက ရယူပါတယ်။ ဓါတ်ပေါင်းဖို အမှက်(၄)ဟာ တည်ဆောက်ပြီးစီးတာ (၃)နှစ်သာရှိသေးပြီး စက်ရုံမှာရှိတဲ့ စက်လေးလုံးအနက် အသစ်လွင်ဆုံးနဲ့ နည်းပညာ အမြင့်ဆုံးဖြစ်ခဲ့တယ်။



နူကလီးယား ဓါတ်ပေါင်းဖိုတွေဟာ ရေနွေးငွေ့နဲ့ ခုတ်မောင်းတဲ့ အင်ဂျင်အကြီးစားတွေပါ။ ယူရေနီယမ် သတ္တုတွေဟာ သူ့အလိုလို နူထရွန်တွေလွတ်ထွက်လာ တတ်တဲ့ သဘာဝရှိတယ်။ အဲ့ဒီ  နူထရွန်တွေကပဲ ယူရေနီယမ်သတ္တု တွင်းက အက်တမ်တွေရဲ့ နူကလီးယပ်စ် တွေကို တိုက်ခိုက်အောင် ဓါတ်ပေါင်းဖို အတွင်းမှာ ဖန်တီးယူပါတယ်။ ဒီလိုဖြစ်စဉ်ကြောင့် အပူနဲ့ ဓါတ်ရောင်ခြည်ကို ထုတ်လွတ်ပေးတယ်။ ဒီအပူကနေ ရေကိုအပူပေးပြီး ရေနွေးငွေ့အဖြစ် ပြောင်းလဲတယ်။ ရေနွေးငွေ့အင်ဂျင်မှတစ်ဆင့် လျှပ်စစ်ဓါတ်အား ထုတ်ယူပါတယ်။


အပူအနည်းအများ ထိန်းချူပ်ချင်ရင်တော့ control rods လို့ခေါ်တဲ့ ဘိုရွန်ချောင်းတွေကို ယူရေနီယမ် သတ္တုနဲ့ ပြုလုပ်ထားတဲ့ လောင်စာချောင်းတွေကြားထဲ အသွင်းအထုတ်ပြုလုပ်ပြီး ထိန်းချူပ်ကြပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ အချက်က control rods တွေကို ထုတ်ပစ်ချင်ရင်တော့ အနည်းဆုံး (၂၆)ချောင်း ချန်ထားရမယ်လို့ သက်မှက်ထားတယ်။


ဒါဟာ မဖြစ်မနေ လိုက်နာရမဲ့ အန္တရာယ်ကင်းရှင်းရေး  ဥပဒေပါ။ အရာရာအားလုံးဟာ ပုံမှန်ဖြစ်နေရင်တော့ ရရှိတဲ့စွမ်းပကားက ကြီးမားလှပါတယ်။ ယူရေနီယမ်သတ္တု တစ်ကီလိုဂရမ်ကထွက်တဲ့ အပူစွမ်းအင်ဟာ ကျောက်မီးသွေး ကီလိုဂရမ် သုံးသန်းကထွက်တဲ့ အပူနဲ့ညီမျှတယ်။


အမှန်တကယ်တော့  အခုလို ပေါက်ကွဲမူ့ဖြစ်ခဲ့တဲ့ နူကလီးယား ဓါတ်ပေါင်းဖို အမှက်(၄)ကို ပညာရှင်တွေက စမ်းသပ်မူ့ ပြုလုပ်ခဲ့ကြတာပါ။


နူစက်ရုံတွေဟာ ဒီဇယ်အင်ဂျင်တွေလို ရပ်ချင်တိုင်း ရပ်ပြစ်လို့ မရပါဘူး။ လောင်စာချောင်းတွေကို ဆက်လက်အအေးခံဖို့အတွက် ပန့်တွေလည်ဖို့ ဓါတ်အား (၅) မဂ္ဂါဝပ်လောက် လိုပါတယ်။ စက်ရုံမှာ ဒီဇယ်ဂျင်နရေတာ သုံးလုံးရှိပေမယ့် သူတို့စတင်လည်ပတ်ဖို့က ၁၅စက္ကန့်ကြာပြီး မီးထွက်တဲ့အထိ ဆိုရင် တစ်မိနစ်ကျော် အချိန်ယူပါတယ်။  တကယ်လို့ အကြောင်းတစ်ခုခုကြောင့် စက်ရုံနဲ့ ဓါတ်အားပေးစနစ် အဆက်အသွယ် ပျက်သွားခဲ့ရင် (ဒါမှမဟုတ် ငလျှင်လှူပ်ခဲ့ရင်) ဒီတစ်မိနစ်အတွင်းမှာ ဒီဇယ်ဂျင်နရေတာဆီကို အဆင်ပြေပြေ လွဲပြောင်းနိုင်ပါ့မလား ဆိုတာကို စမ်းသပ်ချင်ကြတာပါ။


အရင်တုန်းက သုံးခါလောက်စမ်းဖူးပေမယ့် တစ်ခါမှ မအောင်မြင်ခဲ့ပါဘူး။ ဒီစမ်းသပ်မူ့ကို ၁၉၈၆ ဧပြီလ (၂၅)ရက်နေ့ မှာ စတင်ခဲ့ပါတယ်။ မောင်းနှင်ရေးသမားတွေကို သေသေချာချာ ရှင်းလင်းပြောပြထားပြီး လျပ်စစ်အင်ဂျင်နီယာ အထူးအဖွဲ့က အလိုအလျောက် ဗို့အားထိန်းညှိစက်ကို စမ်းသပ်ဖို့ အသင့်ဖြစ်နေပါပြီ။ (၀၁း၀၆) နာရီမှာ ဓါတ်အားထုတ်လုပ်မူ့ကို ၅၀% ထိလျော့ချလိုက်ပါတယ်။


မမျော်လင့်ပဲ တခြားစက်ရုံတစ်ခုက ဓါတ်အားပေးစနစ်အတွင်းမှ ထွက်ခွာသွားလို့ စမ်းသပ်မူ့ကို ဆိုင်းငံထားဖို့ ကီးယပ်ဖ် ဓါတ်အားထိန်းချူပ်ရေးမှ တောင်းဆိုခဲ့ပါတယ်။ ချာနိုဘိုင်း စက်ရုံဒါရိုက်တာက ဒါကိုလက်ခံခဲ့ပြီး ဆိုင်းငံပေးခဲ့တယ်။ ဒါပေမယ့် စမ်းသပ်ချင်လို့ ခဏပိတ်ထားတဲ့ “ဓါတ်ပေါင်းဖိုတွင်း  အရေးပေါ် အအေးပေးစနစ်” ကို ပြန်မဖွင့်ခဲ့ကြဘူး။


(၂၃း၀၄) မှာတော့ ကီးယပ်ဖ် ဓါတ်အားထိန်းချူပ်ရေးငှာနက စမ်းသပ်မူ့ လုပ်ခွင့်ပြုလိုက်ပါပြီ။   ဒီလိုအချိန်ဆိုင်းငံခံလိုက်ရတာဟာ ကံဆိုးဖို့ အကြောင်းဖန်လာတာပါပဲ။ အတွေ့အကြုံများတဲ့ အင်ဂျင်နီယာ ဖြစ်တဲ့  မနက်ပိုင်း မောင်းနှင်ရေးသမားတွေ ပြန်သွားကြလို့ ညနေအဆိုင်း သမားတွေတောင် ပြန်ဖို့လုပ်နေပါပြီ။ ညအဆိုင်းသမားတွေကလဲ သန်းခေါင်ယံမှ တာဝန်လွဲပြောင်းယူကြမှာပါ။ ညအဆိုင်းသမားတွေဟာ အတွေ့အကြုံနည်းတဲ့ အင်ဂျင်နီယာတွေပါ။ အကီနော့ဗ်က အလှည့်ကျ မောင်းနှင်ရေး အင်ဂျင်နီယာဖြစ်ပြီး လီယိုနစ် တော့တန်နော့ဗ် ဟာဆိုရင် အကြီးတန်းအင်ဂျင်နီယာ ရာထူးတိုးမြှင့်ခံရတာ သုံးလသာရှိပါသေးတယ်။




ဧပြီလ (၂၆) နံနက်(၁၂း၀၅) မိနစ်မှာတော့ စမ်းသပ်မူ့ပြန်လည် စတင်ပါပြီ ။ တော့တန်နော့ဗ် ဟာ စက်အမှက်(၄)ကို (၇၀၀) မဂ္ဂါဝပ်ထိအောင် လျော့ချလိုက်ပါတယ်။ နောက်ထပ် မိနစ်နှစ်ဆယ်ထိကတော့ အရာရာအဆင်ပြေ နေပါသေးတယ်။ (၁၂း၂၈) မိနစ်မှာတော့ ဓါတ်ပေါင်းဖိုဟာ အကြောင်းပြချက်မသိရဘဲ ဓါတ်အားထုတ်လုပ်မှူ့ (၅၀၀) မဂ္ဂါဝပ်ထိ လျော့ကျသွားတယ်။


(၁း၀၅)မှာ ရေပန့်တာဝန်ခံ ဘောရစ်ဟာ အစီအစဉ်အတိုင်း အကူပန့်တွေကို စမောင်းကြပါတယ်။ ဒီလိုမောင်းလိုက်တာကြောင့် ရေနွေးငွေ့ထွက်ရှိနုန်း ကျဆင်းသွားပြီး တာဘိုင်တွေလည်ပတ်မူ့ နှေးကွေးလာပါတယ်။


(၁း၁၉)နာရီမှာတော့ ဓါတ်ပေါင်းဖို ထိန်းချူပ်ခန်းက တော့တန်နော့ဗ်ဟာ သူကူညီနိုင်မယ်ထင်ပြီး စွမ်းအင်ပိုရအောင် control rods တွေကို ဆွဲထုတ်လိုက်ပါတယ်။ အမှက်(၄)စက်မှာ control rods (၂၂၁)ခုရှိပြီး ခြောက်ခုသာကျန်တဲ့အထိ ဆွဲထုတ်ပစ်လိုက်တယ်။ ဘာ့ကြောင့် သူဒီလိုလုပ်ခဲ့တယ်ဆိုတာ မသိနိုင်ပါဘူး ( တော့တန်နော့ဗ်ဟာ ပေါက်ကွဲမူ့ဖြစ်ပြီး မကြာခင် သေဆုံးသွားခဲ့တယ်) ။သူတို့မသိတာက ဓါတ်ပေါင်းဖိုအတွင်းမှာ အပူချိန်ဟာ အန္တရာယ်  ဖြစ်လောက်အောင် မြင့်တက်နေခဲ့ပြီ။


(၁း၂၃) မှာ တာဘိုင်ထပ်ကလူတွေကို စမ်းသပ်မူ့ပြီးစီးပြီလို့  ထိန်းချူပ်ခန်းက အကြောင်းကြား လာတာကြောင့် စီစဉ်ထားတဲ့အတိုင်း တာဘိုင်ကို ရပ်ခဲ့ကြပါတယ်။ ဒီအချိန်မှာ ဓါတ်ပေါင်းဖိုအတွင်းက အပူချိန်ဟာ ပုံမှန်ထက် အဆတစ်ရာ မြင့်တက်နေပြီး ဓါတ်ပေါင်းဖိုအတွင်းက အူတိုင်တွေ အရည်ပျော်ခဲ့ပါပြီ။


တော့တန်နော့ဗ်ဟာ အရေးပေါ် ရပ်တန့်တဲ့ခလုတ်ကို နှိပ်ခဲ့ပေမယ့် အချိန်မမှီတော့ပါဘူး။ ဘယ်လိုမှထိန်းချူပ်လို့ မရတော့ဘူးဆိုတာသူသိလိုက်တယ်။ နောက်ထပ် တစ်မိနစ် အကြာမှာတော့ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး နူကလီးယား မတော်တဆမူ့ဖြစ်တဲ့ ဓါတ်ပေါင်းဖိုအမှက်(၄) ပေါက်ကွဲခဲ့ပါတယ်။


ပေါက်ကွဲမူ့ အရှိန်ကြောင့် တန်(၂၀၀၀) လောက်လေးတဲ့ စတီးအမိုး တစ်စစီ လွင့်ထွက် သွားခဲ့ပါတယ်။ (ဂ)တန်အလေးချိန်ရှိတဲ့  ရေဒီယိုသတ္တိကြွ လောင်စာတွေဟာ ကောင်းကင်ဆီ လွင့်စင်သွားတယ်။

ပေါက်ကွဲမူ့ဖြစ်ပြီး လေးမိနစ်အကြာမှာ စက်ရုံက မီးသတ်သမား (၁၄)ယောက် ပထမဆုံး အနေနဲ့ ရောက်လာခဲ့တယ်။ ဓါတ်ပေါင်းဖို ခန်းမထဲမှာ မီးလောင်နေတာကို သူတို့ တွေ့ခဲ့ဲကြပါတယ်။


သူတို့က ဒါကို ရိုးရိုးမီးလောင်တာလို့ပဲ ထင်ခဲ့ကြတယ်။ ဓါတ်ပေါင်းဖို ပေါက်ကွဲတယ်လို့ သူတို့ကို ဘယ်သူမှ မပြောခဲ့ကြဘူး။ မီးတောက်ကို ငြိမ်းသတ်ဖို့ပဲ ကြိုးစားခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားပြီး အန်တယ်။ ကိုယ့်ကိုယ်ကို တည့်မတ်အောင်မထိန်းနိုင်ကြတော့ဘူး။






မနက်ငါးနာရီမှာတော့ မီးတောက်ငြိမ်းသွားပါပြီ။ အဲ့ဒီဖြစ်ရပ်မှာ မီးသတ်သမား(၆၁)ယောက် မီးလောင်ဒဏ်ခံရပြီး (၃၁)ယောက်ကတော့ ရေဒီယိုသတ္တိကြွ ရောင်ခြည်တွေ တိုက်ရိုက်ထိမှန်တာကြောင့် သေဆုံးခဲ့ရပါတယ်။ နောက်ပိုင်းမှာ လူတော်တော်များများ ရေဒီယိုသတ္တိကြွ ရောင်ခြည်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေ ပြသလာပါတယ်။


ပြဿနာကခုမှ စတာပါ။ ဓါတ်ပေါင်းဖိုကနေ ရေဒီယိုသတ္တိကြွ ရောင်ခြည်တွေ ဆက်တိုက်ထုတ်လွင့်နေပါတယ်။ ဆိုဗီယက်အာဏာပိုင်တွေဟာ ဒီပေါက်ကွဲမူ့နဲ့ ပါတ်သက်ပြီး တိတ်ဆိတ်နေတုန်းပါ။ အဲ့ဒိအချိန်က အကြီးအကဲ မီခေးလ်ဂေါ်ဘာချော့ ဟာ ဒီပြသနာကို ဖုံးကွယ်ထားချင်ခဲ့တယ်။





စွန့်ပစ်ခံမြို့တော် ပရီပြတ်


ချာနိုဘိုင်းလ် မြို့တော်နဲ့ (၃)ကီလိုမီတာ အကွာမှာတော့ စက်ရုံဝန်ထမ်း အများစုနေထိုင်တဲ့ “ပရီပြတ်” မြို့တော်မှာ လူဦးရေ (၅၀၀၀၀) လောက်ရှိတယ်။ သူတို့ဟာ အဆိပ်သင့် ဓါတ်ရောင်ခြည် တွေကြားထဲမှာ နေထိုင်နေခဲ့တယ် ဆိုတာကို မသိခဲ့ကြပါဘူး။ ပေါက်ကွဲမူ့ဖြစ်ပြီး နောက်နေ့ မနက်(၁၀)နာရီလောက်မှာတော့  နူကလီးယားစက်ရုံမှာ တစ်ခုခုဖြစ်နေပြီ ဆိုတာကို သိုးသိုးသန့်သန့် ကြားကြတယ်။


အဲ့ဒီအချိန်မှာ ဆိုဗီယက် အာဏာပိုင်တွေဟာ အဲ့ဒီ နူကလီးယားမြို့တော်ကို ပြောင်းရွေ့ပြစ်ဖို့ တိတ်တဆိတ် တိုင်ပင်နေကြပါပြီ။ ပေါက်ကွဲမူ့ ဖြစ်ပြီး (၃၆)နာရီအကြာမှာ ချာနိုဘိုင်းလ် စက်ရုံမှာ ဘာတွေဖြစ်နေပြီလဲ ဆိုတာကို မြို့သူမြို့သားတွေကို အသိပေးခဲ့တယ်။ တပြိုင်နက်ထဲမှာ စစ်တပ်ကဦးဆောင်ပြီး ဘတ်စ်ကားအစီးရေ (၁၂၀၀၀) လောက်နဲ့ ဒီမြို့ကို အပြီးပြောင်းရွေ့ပေးဖို့ ရောက်လာခဲ့ကြပြီး အခုလို ကြေငြာခဲ့တယ်။


“ကျေးဇူးပြုပြီးနားဆင်ပါ။ ချာနိုဘိုင်းလ်စက်ရုံ ပေါက်ကွဲမူ့ကြောင့် ရေဒီယိုသတ္တိကြွ ရောင်ခြည်တွေ ပျံလွင့်နေပါတယ်။ ဒီမြို့ကလူတွေအကုန်လုံး ဘေးလွတ်ရာကို အခုချက်ချင်း ပို့ဆောင်ပေးပါ့မယ်။ မိမိတို့ပစ္စည်းများကို အမြန်သိမ်းဆည်းပြီး စုရပ်သို့ အမြန်လာရောက်သတင်းပို့ကြရန် အသိပေးအပ်ပါတယ်။”



မြို့သူမြို့သားတွေဟာ မိမိတို့ပိုင်ဆိုင်ရာ စာရွက်စာတမ်းတွေ ပိုက်ဆံတွေ အဝတ်အစားတွေကို အမြန်သိမ်းဆည်းပြီး မြို့ကိုစွန့်ခွာခဲ့ကြရပါတယ်။ သူတို့ကို ဘယ်ကိုခေါ်သွားမယ် ဆိုတာလဲ မသိကြပါ။ အစုအဝေးလိုက် ပြောင်းရွေ့တာကို ညနေ(၂)နာရီမှာ စတင်ခဲ့ပြီး ညနေ(၅)နာရီမှာတော့ ပရီပြတ်မြို့ဟာ စွန့်ပြစ်ခံမြို့တော် အဖြစ် တမဟုတ်ချည်း ပြောင်းလဲသွားပါတယ်။


ချာနိုဘိုင်းလ် စက်ရုံမှာတော့ အဆိပ်သင့် ရောင်ခြည်တွေ ဆက်လက်ပျံလွင့် နေတုန်းပါ။ အာဏာပိုင်တွေဟာ ဒီလိုပျံလွင့်တာကို ထိန်းချူပ်ဖို့ ကြိူးစားခဲ့ကြတယ်။ နောက်(၆)ရက်အကြာမှာ ရဟတ်ယာဉ် အစီးရေ(၈၀၀) ကို အသုံးပြုပြီး ကောင်းကင်ကနေ ဓါတုဗေဒအမှုန့် တန်ချိန်(၁၅၀၀၀) လောက်ကြဲချခဲ့တယ်။ ဒီဓါတုဗေဒအမုှန့်တွေက ဓါတ်ရောင်ခြည်တွေကို စုပ်ယူလို့ အတော်အသင့်တော့ ထိန်းချူပ်နိုင်ခဲ့ပါတယ်။


အဲ့ဒီအချိန်ဟာ စစ်အေးတိုက်ပွဲကာလမို့ အမေရိကန်ဘက်ကလဲ ကောင်းကင်ဂြိုလ်တုမှတစ်ဆင့် ဆိုဗီယက်နိုင်ငံကို အမြဲမပြတ် ထောလှမ်းလျက်ရှိတယ်။ ဓါတ်ပေါင်းဖို ပေါက်ကွဲပြီး (၂၈)စက္ကန့်အကြာမှာ အမေရိကန်ထောက်လှမ်းရေးငှာနက ထောက်လှမ်းသိရှိခဲ့တယ်။ ပထမတော့ ဆိုဗီယက်ဘက်က နြူကလီးယား ထိပ်ဖူးတပ်ဒုံးကျဉ် ပြစ်လွတ်လိုက်တာလို့ ထင်ခဲ့တာပါ။ နေရာကို သေချာစစ်ကြည့်မှ ချာနိုဘိုင်းလ်စက်ရုံ တည်နေရာဖြစ်လို့ ဒီစက်ရုံမှာ ပြဿနာ အကြီးအကျယ်တက်နေပြီဆိုတာ ခန့်မှန်းမိကြတယ်။


ပေါက်ကွဲမူ့ဖြစ်ပြီး နောက်နှစ်ရက်အကြာ ဧပြီလ(၂၈)ရက်နေ့မှာတော့ ဆွီဒင် နူကလီးယား အင်ဂျင်နီယာ ကလစ်ရော်ဘင်ဆင်ဟာ သူအလုပ်လုပ်ရာ ဖော့စ်မာ့ခ် နူကလီးယားစက်ရုံကို ပုံမှန်အတိုင်း သွားခဲ့ပါတယ်။ စက်ရုံအဝင်မှာရှိတဲ့ ရေဒီယိုသတ္တိကြွဓါတ်ရောင်ခြည် တိုင်းတဲ့စက်က အချက်ပေးသံမြည်လာပြီး သူ့ကိုဝင်ခွင့်မပြုခဲ့ဘူး။ သူဟာ စက်ရုံထဲကိုမဝင်ရသေးလို့ ရေဒီယိုသတ္တိကြွရောင်ခြည်တွေ တွေ့တယ်ဆိုတာကို နားမလည်နိုင်ဖြစ်ခဲ့ရတယ်။


အကြိမ်ကြိမ် စမ်းကြည့်ပေမယ့် အဖြေကတော့ အတူတူပါပဲ။ အခြား ဝန်ထမ်းတွေကိုလဲ တိုင်းတာတဲ့စက်က ပေးမဝင်ပါဘူး။ ကလစ်သတိထားမိလိုက်တာကတော့ ရေဒီယိုသတ္တိကြွရောင်ခြည်ဟာ သူ့ရဲ့ဖိနပ်က အများဆုံး ထွက်ရှိနေတာပါ။ သူ့ဖိနပ်ကို စမ်းသပ်ကြည့်လိုက်တော့ သူသိလိုက်ပါပြီ။ ရေဒီယိုသတ္တိကြွရောင်ခြည်တွေဟာ ဒီစက်ရုံကမဟုတ်ဘဲ တစ်နေရာရာမှာ နူကလီးယားလက်နက် ပေါက်ကွဲပြီလို့  သူထင်လိုက်ပါတယ်။


နောက်နေ့မှာတော့ ဆွီဒင်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ အဆိပ်သင့်ရောင်ခြည် တွေရဲ့ မြစ်ဖျားခံရာဟာ ဆိုဗီယက်ယူနီယံဆိုတာ တွေ့ရှိခဲ့ကြတယ်။  ဒီလိုနဲ့ နိုင်ငံတကာရဲ့ဖိအားပေးမူ့ကြောင့် ဓါတ်ပေါင်းဖိုပေါက်ကွဲမူ့အကြောင်းကို ဆိုဗီယက်ယူနီယံက ထုတ်ပြန်ခဲ့ရတယ်။ ဒီပေါက်ကွဲမူ့သတင်းကို တစ်ကမ္ဘာလုံးမှာရှိတဲ့ သတင်းစာတွေက မျက်နှာဖုံးသတင်းအဖြစ် ဖေါ်ပြခဲ့ပါတယ်။ နောက်ထပ်(၁၀)ရက်အကြာမှာ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်တွေဟာ အရှေ့ဘက်မှာ ဂျပန်အထိ အနောက်ဘက်မှာ အမေရိကန်အထိ ပျံနှံသွားခဲ့ပါတယ်။ (၁၉၈၆)မေလထဲမှာတော့ အခုလိုမတော်တဆဖြစ်ခဲ့တဲ့ ဓါတ်ပေါင်းဖိုအမှက်(၄)ကို ကွန်ကရစ်နဲ့အပြီး ဂူသွင်းမြူပ်နှံ ထားလိုက်တာ ယနေ့ထိတိုင်ပါပဲ။

Monday, 23 September 2013

SilkAir လေယဉ် ပျက်ကျခဲ့စဉ်က



                 လေယာဉ်တွေကို ပျက်မကျအောင် ဒီဇိုင်းထုတ်လေ့ရှိတယ်။ ဒါပေမယ့် ယနေ့အချိန်ထိ ပျက်ကျနေတုန်းပါပဲ။ ဒီလိုပျက်ကျတဲ့အခါမှာ ပညာရှင်တွေက ဘာ့ကြောင့်ပျက်ကျရသလဲဆိုတာကို အဖြေရှာကြတယ်။

 နှစ်စဉ်တိုင်းမှာ လေယာဉ် မတော်တဆမှူ့တွေ ဖြစ်ပွားလေ့ ရှိပါတယ်။ ဒီတစ်ခါဖြစ်ရပ်က နည်းနည်းတော့ အဆန်းတကျယ် ရှိလှတယ်။ ဘာလို့လဲဆိုတော့ လူတော်တော်များများက လေယာဉ်မူးဖြစ်သူဟာ ကိုယ့်ကိုယ်ကို လုပ်ကြံပြီး လေယာဉ် ပျက်ကျအောင် လုပ်ဆောင်ခဲ့တယ်လို့ ယူဆနေကြလို့ပါ။


 ဒီဖြစ်ရပ်မှာ အရှုပ်အထွေးတွေ အငြင်းပွားခဲ့တာတွေ တော်တော်များတယ်။ စုံစမ်းစစ်ဆေးသူတွေ အဖို့ကတော့ အခက်အခဲ အမျိူးအမျိူး နဲ့ ဖိအားတွေကြားက နောက်ဆုံးမှာ လေယာဉ် ဘယ်လိုပျက်ကျ ခဲ့တယ်ဆိုတာကို ဖေါ်ထုတ်နိုင်ခဲ့တယ်။






SilkAir Flight 185


ခရီးစဉ်အမှက် 185ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာကနေ စင်ကာပူကို ပုံမှန်ပျံသန်းတဲ့ SilAir လေကြောင်းလိုင်းပါ။ ဘိုးရိမ်း 737-300 အမျိူးအစားဟာ SilkAir လေကြောင်းလိုင်းအတွက် အဲ့ဒီအချိန်က နောက်ဆုံးပေါ်ဖြစ်ခဲ့ပြီး အခုလိုပျက်မကျခင် ဆယ်လအလိုကမှ ဝယ်ယူခဲ့တာပါ။


                                                                                                                                                                   (၁၉ ဒီဇင်ဘာ ၁၉၉၇) အဲ့ဒီနေ့က တိမ်ပြာပြာနေ့တစ်နေ့ ဖြစ်ခဲ့တယ်။ ဒီလိုရာသီဥတုဟာ လေယာဉ်ပျံသန်းဖို့အတွက် အဆင်ပြေဆုံး ပါပဲ။ ဒီလေယာဉ်နဲ့ ခရီးသည် (၉၇)ယောက် လိုက်ပါခဲ့ကြတယ်။ ဂျကာတာကနေ စင်ကာပူကို ပျံသန်းချိန် မိနစ်(၈၀) ကြာမှာပါ။

လေယာဉ်မှာရှိတဲ့ အသံဖမ်းစက်က ပုံမှန်အတိုင်း လေယာဉ်မှူးတွေ ပြောဆိုချက်ကို မှက်တမ်းတင်လျှက်ရှိပါတယ်။


လေယာဉ်မူး နှစ်ယောက်စလုံးက အတွေ့အကြုံရှိတဲ့ လေယာဉ်မူးတွေပါ။ အသက်(၄၁)နှစ်အရွယ် ကပ္ပတိန် စူးဝေမင်းဟာ လေယာဉ်မောင်းသက်တမ်း (၂၀)ကျော်ရှိပြီး နယူးဇီလန်သား တွဲဖက်လေယာဉ်မူး ဒန်ကန်ဝဒ်ကတော့ နာရီ(၂၀၀၀)ကျော် ရှိပြီ ဖြစ်ပါတယ်။



ပျက်ကျပြီ



အင်ဒိုနီးရှား စံတော်ချိန် (၁၅း၃၇) မှာတော့ တွဲဖက်လေယာဉ်မူးက ထိန်းချူပ်မျော်စင်ကို လေယာဉ် စတင်ထွက်ခွာပြီဖြစ်ကြောင်း အကြောင်းကြားပါတယ်။ ထွက်ခွာပြီး မကြာမှီမှာပဲ စူးရဲ့နုတ်ခွန်းဆက်သံ ထွက်ပေါ်လာတယ်။


“ လူကြီးမင်းများခင်ဗျာ၊ ကောင်းသောညနေခင်းပါ။ အခုစကားပြောနေတာ ကပ္ပတိန် စူးဝေမင်းပါ။ ကျွန်တော်နဲ့ အတူ တွဲဖက်မောင်းနှင်မဲ့သူကတော့ ဒန်ကန်ဝဒ်ပါ။ လေယာဉ်ဟာ အမြင့်ပေ (၁၉၀၀၀)မှာ ပျံသန်းနေတာဖြစ်ပြီး မကြာခင်မှာ အမြင့်ပေ (၃၅၀၀၀) ကိုရောက်ရှိပါလိမ့်မယ်။ ထိုင်ခုံခါးပတ်မီးတွေ ပိတ်သွားပြီ ဖြစ်လို့ လူကြီးမင်းတို့ ဟိုဟိုဒီဒီသွားနိုင်ပါတယ်။ ဒါပေမဲ့လဲ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ထိုင်ခုံမှာထိုင်နေလျင် ခါးပတ်ပတ်ထားတာ ပိုပြီးစိတ်ချရပါလိမ့်မယ်။”


လေယာဉ်ပေါ်မှာတော့ ထူးခြားချက် တစုံတရာမရှိဘဲ သာမန်ခရီးစဉ် တစ်ခုမျသာ။ ပျံသန်းမူ့စတင်ပြီး (၂၈)မိနစ်အကြာမှာတော့ စူးက ဝဒ်ကိုမေးလိုက်တယ်။


“ ငါနောက်ခဏသွားလိုက်ဦးမယ်၊ ရေမှာဦးမလား”

“မမှာတော့ပါဘူး၊ ကျေးဇူးတင်ပါတယ်”


                                                                                                                                                                ဒါဟာ သူတို့နှစ်ယောက်စကားပြောသံကို မှက်တမ်းတင်တဲ့စက်က ဖမ်းယူထားတာ နောက်ဆုံးပါပဲ။ ဒီအသံဖိုင်ပြီးတဲ့နောက်မှာ မှက်တမ်းတင်တဲ့စက်ဟာ ဘာ့ကြောင့်မှန်းမသိ ရပ်သွားခဲ့တယ်။ နောက်ထပ် (5)မိနစ်အကြာမှာတော့ လေကြောင်း ထိန်းချူပ်ရေးစခန်းက ဒန်ကန်ဝဒ်နဲ့ ဆက်သွယ်ခဲ့ပြီး အခြေအနေ ပုံမှန်ဖြစ်ကြောင်း ဝဒ်ကသတင်းပို့ခဲ့တယ်။


စူးတစ်ယောက် လေယာဉ်မောင်းထိုင်ခုံကို ပြန်လာမလာတော့ မသိရပါဘူး။ မိနစ် အနည်းငယ်အကြာ (၁၆း၁၂)နာရီမှာတော့ လေယာဉ်ဟာ ဇောက်ထိုးဆင်းသွားတဲ့ပုံကို အင်ဒိုနီးရှားရေဒါကနေ ဖမ်းယူရရှိခဲ့တယ်။ လေယာဉ်ဟာ ပေပေါင်း (၃၅ ၀၀၀)ကနေ တရှိန်ထိုး ဆင်းသွားတယ်။





            နောက်ထပ် (၃၀)စက္ကန့်အကြာမှာတော့ ရေဒါမြင်ကွင်းပေါ်ကနေ ပျောက်သွားပါပြီ။ လေယာဉ်ဟာ ဆူမာတြားကျွန်းပေါ်က မူစီမြစ်ထဲကို ထိုးဆင်းသွားတာပါ။ လေယာဉ်ပေါ်ကနေ လေယာဉ်ထိုးဆင်းသွားတဲ့ အမြန်နုန်းဟာ အသံရဲ့ အမြန်နုန်းကို စက္ကန့်ပိုင်းအနည်းငယ်ထိအောင် ရောက်ခဲ့ပြီးနောက် လေယာဉ်ရဲ့ အမြီးပိုင်းနဲ့ တောင်ပံတို့ လွင့်စင်ပေါက်ကွဲသွားပါတယ်။


ရေပြင်နဲ့မထိခင် လေယာဉ်တစ်ခုလုံး ပေါက်ကွဲသွားခဲ့ပြီး ကီလိုမီတာ တော်တော်များများအထိ လွင့်စင်သွားရတယ်။ လေယာဉ်မှူးနှစ်ဦး အပါအဝင် (၁၀၄)ယောက်စလုံး အသက်ဆုံးရုံးခဲ့ရတယ်။ ဒီအထဲမှာ စင်ကာပူက မော်ဒယ်နဲ့စာရေးဆရာမ ဘွန်နီဟစ် တစ်ယောက်လဲ ပါဝင်တယ်။



 “ကျွန်တော် အလုပ်လုပ်နေတုန်း ကျွန်တော့နောက်မှာ လေယာဉ်ပျက်ကျလာတဲ့အသံကို ကြားရတယ်။ ဒုံးကျဉ်တစ်စင်း ပစ်လွတ်သလိုပဲ။ နောက်ပြီး ရေထဲကို ကျတဲ့အသံ ကျယ်ကျယ်ကြားလိုက်ရတယ်ဗျ”


လေယာဉ်ပျက်ကျနဲ့နားက ရွာသား တစ်ဦးဖြစ်သူ အမ်ရမ် ပြောပြသွားတာပါ။

ဒီရွာကလေးဟာ လေယာဉ်ပျက်ကျတဲ့ နေရာနဲ့ ကိုက်(၁၀၀)လောက်အကွာ မြစ်ကမ်းနဖူးမှာ တည်ရှိပါတယ်။ ရွာသားတွေဟာ ကူညီဖို့ အပြေးအလွားသွားပေမယ့် လေယာဉ်အပိုင်းအစ အချိူ့ကိုသာ ရလိုက်ပါတယ်။ သက်ရှိနဲ့တူတာ တစ်ခုမှမတွေ့လိုက်ကြပါဘူး။



စုံစမ်းစစ်ဆေးခြင်း


သိပ်မကြာခင်အချိန်အတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ ခရီးသည်အချို့ရဲ့ ဆွေမျိုးတွေ လေယာဉ်ပျက်ကျရာ နေရာကို  ရောက်ရှိလာကြပါပြီ။ အားလုံးသိလိုက်ရတာက အသက်ရှင် ကျန်ရစ်ဖို့ အခွင့်အလမ်း လုံးဝမရှိဘူးဆိုတာပါပဲ။ စုံစမ်းစစ်ဆေးမူ့တွေ စတင်ပါပြီ။


အင်ဒိုနီးရှား စုံစမ်းစစ်ဆေးမူ့အဖွဲ့(NTSC) ကို စင်ကာပူ၊ သြစတေးလျ နဲ့ အမေရိကန်နိုင်ငံက ပညာရှင်တွေအပြင် အမေရိကန်နိုင်ငံ ပို့ဆောင်ရေးဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး အဖွဲ့ (NTSB)တို့က ကူညီပံပိုးကြပါတယ်။

ဒါပေမယ့်လဲ ဒီတစ်ခါ ဖြစ်ပျက်ခဲ့တာက တော်တော်ခက်ခဲမဲ့ အခြေအနေပါ။ လေယာဉ်ဟာ အရှိန်ပြင်းပြင်းနဲ့ ကျလာပြီး ရေပြင်နဲ့ထိတွေ့တဲ့ အတွက် အစိတ်စိတ် အပိုင်းပိုင်း ပျက်စီးကုန်လို့ ဘာတစ်ခုမှ ကြီးကြီးမားမား ပြန်မရခဲ့ပါ။


အကြီးဆုံး အစိတ်အပိုင်းက (၄၀၀) မီလီမီတာ ပတ်လည်လောက်ပဲရှိတယ်။ မြစ်ထဲကနေ ရွံတန်ချိန်များစွာကို ဆယ်ယူ စစ်ဆေးခဲ့ကြတယ်။ အဲ့ဒီနောက်မှာတော့ လေယာဉ်အပျက်အစီး အစိတ်အပိုင်း ထောင်ကျော် ဆယ်ယူရရှိခဲ့တယ်။ ဒီအစိတ်အပိုင်းတွေထဲမှာ သဲလွန်စ ပါဝင်နိုင်ပါတယ်။


လေယာဉ်တိုင်းမှာ အချက်အလက်တွေ အသံတွေကို ဖမ်းယူထားတဲ့ Black Box နှစ်ခုပါလေ့ ရှိတယ်။ ဒါပေမယ့် ဒီBlack Box တွေကို ရက်သုံးဆယ်အတွင်း ပြန်ရမှသာ ပိုစိတ်ချရပါတယ်။ ဒါကြောင့် စစ်ဆေးတဲ့သူတွေဟာ အချိန်မှီအတွင်း မြစ်ထဲက ဆယ်ယူရရှိနိူင်ဖို့ ကြိုးစားခဲ့ကြရတယ်။


လေယာဉ်ပျက်ကျပြီး ငါးရက်အကြာမှာတော့ ရေငုပ်သမားတွေဟာ မြစ်ကြမ်းပြင်ကနေ လေယာဉ် ပျံသန်းမှူ့ဆိုင်ရာ အချက်အလက်တွေ သိမ်းဆည်းတဲ့ Black Box (FDR)ကို ရှာဖွေတွေ့ရှိခဲ့တယ်။ နောက်ထပ် (၁၅)ရက်အကြာမှာတော့ အသံဖိုင်တွေသိမ်းထားတဲ့ Black Box နောက်တစ်ခု (CVR) ကို ရှာဖွေတွေ့ရှိပြန်တယ်။


CVR ကို ပြန်စစ်ဆေးကြည့်တော့ အသံဖိုင်တွေဟာ ရှိသင့်သလောက် ရှိမနေပါဘူး။ စစ်ဆေးသူတွေ ရှာဖွေတွေ့ရှိတာက အသံမှက်တမ်းတွေ သိမ်းတဲ့ CVR ဟာ လေယာဉ်ပျက်မကျမီ (ဂ)မိနစ်အလိုမှာ ရပ်တန့်နေတယ်။ CVR ရပ်ပြီး (၆)မိနစ်အကြာမှာ FDR လဲရပ်သွားပြန်တယ်။ ဒီလိုအချက်အလက်တွေကြောင့် အမေရိကန် စစ်ဆေးရေးအဖွဲ့က လေယာဉ်မူှးဟာ ရည်ရွယ်ချက်ရှိရှိ လေယာဉ်ကို ထိုးဆင်းချတယ်လို့ ယူဆခဲ့ကြတယ်။


စူးဝေမင်း (Tsu Wai Ming)





ကပ္ပတိန်စူးဝေမင်းဟာ SilkAir လေကြောင်းလိုင်းမှာ မလုပ်ခင် စင်ကာပူ လေတပ်မှာ လေယာဉ်မောင်းသက် (၁၆)နှစ်ရှိပြီး F-16C လေယာဉ်အမျိုးအစား မောင်းနှင်တဲ့ ထိပ်တန်းလေယာဉ်မောင်းသမား တစ်ယောက်ဖြစ်ခဲ့တယ်။ စုံစမ်းစစ်ဆေးတဲ့သူတွေဟာ စင်ကာပူလေတပ်က သူ့သမိုင်းကြောင်းကို စုံစမ်းခဲ့ကြတယ်။


သူတို့တွေရှိခဲ့တာကတော့ စူးရဲ့ကျွမ်းကျင်သလောက် အရဲစွန့်မူ့ကြောင့် သေဘေးနဲ့ လက်မတင်လေးလွတ်သွားတာ မကြာခဏပါ။ စူဝေမင်းဟာ လေတပ်ကနေ (၁၉၉၂)မှာ ထွက်သွားခဲ့ပြီး SilkAir လေကြောင်းလိုင်းမှာ ဝင်ရောက်ခဲ့တယ်။

ကျွမ်းကျင်ပြီးသားတစ်ယောက်ဆိုတော့ သိပ်မကြာခင်မှာ လေယာဉ်မူး နည်းပြတစ်ယောက်အဖြစ် ရာထူးတိုးတယ်။


လေယာဉ်ပျက်မကျခင် တလအလိုမှာတော့ အလုပ်ထဲမှာ ပြဿနာ တစ်ခုတက်လာတယ်။  လေကြောင်းလိုင်းက သူ့ရဲ့ လေယာဉ်ဆင်းသက်ပုံနဲ့ ပါတ်သက်ပြီး မေးခွန်းထုတ်ခဲ့တယ်။ စူးဟာ ချက်ချက်ဆိုသလို အသံဖမ်းစက်CVR ကိုပိတ်ချလိုက်တယ်။ ဒါပေမယ့် လေယာဉ် ပံျမတက်ခင်မှာတော့ ပြန်ဖွင့်ပြန်တယ်။ ဒီဖြစ်ရပ်ကြောင့် လေကြောင်းလိုင်းက သူ့ကို ရာထူးတစ်ဆင့်ချပြီး အရေးယူခဲ့ပြန်တယ်။


 စူးရဲ့အလုပ်ထဲက ပြဿနာတွေအပြင် ငွေကြေးပြဿနာတွေကိုလဲ ရှာဖွေတွေ့ရှိပြန်တယ်။ လက်တလောသူဝယ်ထားတဲ့ စတော့ရှယ်ယာတွေ ဈေးကျတာကြောင့် ဒေါ်လာ (၁.၂)သန်းလောက် အရံှးပေါ်ခဲ့တယ်။ သူပိုင်ဆိုင်တဲ့ လုံးချင်းအိမ်ယာ နှစ်လုံးကိုလဲ ရောင်းချထားရပါတယ်။ စူးမိသားစု လစဉ်သုံးနေတာတွေဟာ သူ့လစာနဲ့ မကာမိပါဘူး။ ဘဏ်ကနေ ငွေချေးထားတာလဲ အများကြီးမို့ လစဉ်ဆပ်နေရတာပါ။


 နောက်ဆုံး အရေးပါတဲ့အချက်ကတော့ သူ့ရဲ့ အသက်အာမခံ လစဉ်ကြေးမပေးတော့ဘဲ ရပ်ဆိုင်းပစ်ခဲ့တာပါ။ စာချူပ်နောက်ဆုံးရက်က လေယာဉ်ပျက်ကျတဲ့နေ့ ဖြစ်နေတာပါပဲ။ အာမခံ ကုမဏီကသာ လျော်ရမယ်ဆိုရင် စင်ကာပူဒေါ်လာ သုံးသန်းကျော်ပါတယ်။


 ဒီလို အချက်အလက်တွေကြောင့် လေယာဉ်ပျက်ကျမူ့ တရားခံက စူးဆီကို ပုံကျလာတယ်။ နောက်တစ်လအတွင်းမှာ စူးဝေမင်းရဲ့ ငွေကြေးပြဿနာတွေဟာ မီဒီယာတွေပေါ် ပျံနှံသွားပြီး စစ်ဆေးရေးအဖွဲ့တွေအပေါ် ဖိအားပိုများလာစေခဲ့တယ်။ ဒါတွေဟာ ယူဆချက်တွေသာ ဖြစ်ပြီး စူးသာ လက်သည်တရားခံပါလို့ လက်ဆုပ်လက်ကိုင်ပြစရာ ရှာမတွေ့ပါဘူး။


နောက်သုံးနှစ်အကြာမှာတော့ အင်ဒိုနီးရှားနိုင်ငံ ပို့ဆောင်ရေးဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး ကော်မတီ (NTSC)က လေယာဉ်ပျက်ကျမူ့ အကြောင်းရင်းကို ရှာမတွေ့ဘူးလို့ တရားဝင်ထုတ်ပြန်ခဲ့တယ်။ ဒီထုတ်ပြန်ချက်ဟာ အမေရိကန် စစ်ဆေးရေးအဖွဲ့ကို အကြီးအကျယ်စိတ်ပျက်စေခဲ့ပါတယ်။


နောက်ဆုံးအစည်းအဝေးမှာ သဘောတူညီချက်က လေယာဉ်မောင်းတဲ့သူမှာ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ခရီးသည်တွေရဲ့ ကျန်ရစ်သူမိသားစုတွေကလဲ သူတို့ဟာသူတို့ အဖြေထုတ်ထားကြပြီးသားပါ။ ဒါကတော့ ကပ္ပတိန်ဟာ တမင်ရည်ရွယ်ပြီး လေယာဉ်ထိုးဆင်းခဲ့တယ် ဆိုတာပါပဲ။


တစ်ချိန်တည်းမှာပဲ ပစိဖိတ်သမုဒ္ဒရာရဲ့ ဟိုဘက် လော့အိန်ဂျလိစ်က ရှေ့နေ ဝေါတာလက် တစ်ယောက်ကတော့ ဆက်လက်အဖြေရှာနေဆဲပါ။ သူက လေယာဉ်ကပ္ပတိန်ဟာ လေယာဉ်ကို မြေပြင်ပေါ် ထိုးဆင်းတယ်လို့ မယူဆပါဘူး။ လေယာဉ်ရဲ့ စက်မူ့ပိုင်းမှာ ပြဿနာရှိနိုင်တယ်လို့ ယူဆပြီး 737 လေယာဉ်ရဲ့ နောက်ကြောင်းရာဇဝင်ကို မြေလှန်ပါတော့တယ်။ နောက်ထပ် စုံစမ်းစစ်ဆေးမူ့ စတင်ပါပြီ။


 SilkAir MI185 ရဲ့ပျက်ကျတဲ့ပုံစံဟာ အခြား 737လေယာဉ်ပျက်ကျမူ့ နှစ်ခုနဲ့ ဆင်တူနေတာကို သူသွားတွေ့တယ်။ အမေရိကန်လေကြောင်းခရီးစဉ် 585 ဟာ (၁၉၉၁)ခုနှစ်က ဒီလိုပုံစံပျက်ကျဖူးတယ်။ (၁၉၉၄) ခုနှစ်မှာ USATR  427 ဟာလည်း ပျက်ကျခဲ့တာ ပုံစံတူပါပဲ။ ဒီလိုအချက်အလက်တွေကြောင့် 737 လေယာဉ်ရဲ့ ပဲ့ထိန်းကို ထိန်းချူပ်တဲ့စနစ်မှာ သေချာပေါက် ပြဿနာရှိနေပြီလို့ သံသယရှိခဲ့တယ်။




ဒီပဲ့ထိန်းစနစ်ကို ထုတ်လုပ်ခဲ့တာက ကမ္ဘာကျော်ကုမဏ္ဏီ Parker Hannifin ဖြစ်ပါတယ်။ သူတို့ဟာ လေယာဉ်ပျက်ကျမူ့ သုံးခုရဲ့ ရေဒါပုံရိပ်တွေပေါ် အခြေခံပြီး ကွန်ပြူတာနဲ့ simulation လုပ်ကြည့်တယ်။ အံသြစရာကောင်းတာကတော့ တစ်ပုံစံတည်း ဖြစ်နေတာပဲ။ နောက်ပြီး 737 လေယာဉ်မှာ ပဲ့ထိန်းစနစ် ချို့ယွင်းခဲ့လျှင် လေယာဉ်မောင်းခန်းထဲက သိဖို့ ဘာအချက်ပေးစနစ်မှ မရှိပါ။


ဒီပဲ့ထိန်းစနစ်ကို လေယာဉ်ပျက်ကျပြီး သုံးလအကြာ ရွံ့တွေကြားထဲက ပြန်လည်တွေ့ရှိခဲ့ပြီး (NTSC) က Parker ကုမဏ္ဏီကို ပို့ပြီး ပြန်လည်စစ်ဆေးစေခဲ့တယ်။ ကုမဏ္ဏီက ပဲ့ထိန်းစနစ်မှာ ဘာပြဿနာမှ မရှိဘူးဆိုပြီး ပြန်ပို့လိုက်တယ်။


နောက်ထပ်ငါးနှစ်အကြာမှာတော့ ရှေ့နေဝေါတာလက်နဲ့ အဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မူ့ကြောင့် ဒီဘီယာဘူးအရွယ် ဆာဗိုဘား (Servo Valve)လေးအတွင်းက ဘားလေးတစ်ခုဟာ 133 မိုက်ကရိုမီတာလောက် ပွန်းပဲ့နေပြီး ကျပ်နေတဲ့အတွက် လေယာဉ် ပျက်ကျခဲ့ရကြောင်း တွ့ရှိခဲ့ရတယ်။


Black Box တွေနဲ့ပါတ်သက်လို့လဲ သူ့အလိုလို ရပ်သွားတာဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တယ်။ ဒီအချက်အလက်တွေဟာ တရားရုံးတော်ကိုတင်ပြဖို့လုံလောက်နေပါပြီ။


တရားစီရင်ပြီ


(၂၀၀၄)ခုနှစ်မှာတော့ အမေရိကန် အဆင့်မြင့်ဆုံးတရားရုံးတော်က လေယာဉ်ပျက်ကျတာဟာ ဆာဗိုဘားကြောင့်ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး သေဆုံးသူရဲ့ မိသားစုသုံးစုကို ထုတ်လုပ်တဲ့ကုမဏ္ဏီက လျော်ကြေး အမေရိကန်ဒေါ်လာ (၄၄)သန်းပေးဖို့ အမိန့်ချမှက်ခဲ့တယ်။ နောက်ဆုံးမှာ Parker ကုမဏ္ဏီက သေဆုံးတဲ့သူ မိသားစုအားလုံးကို လျော်ကြေးပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘိုးရင်းကုမဏ္ဏီကိုလဲ 737လေယာဉ်တွေအားလုံးရဲ့ လေယာဉ်ပဲ့ထိန်းစနစ်ကို အသစ်လဲဖို့ အမိန့်ချခဲ့တယ်။


တော်သေးပြီ ဒေါ်အေးကြည်။